ဇာတ်ကားများ ရွေးရန်

The Captain

2018ဇာတ်ကားအမှတ် 7.2/10118 မိနစ်

The Captain (2017) ဒီဂျာမန်ကားလေးကတော့ 2017 ကထွက်ရှိလာတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Rating တွေအနေနဲ့လဲ Imdb Rating 7.4/10 Rotten Tomatoes 86 တောင်ရရှိထားတာပါ။ ဂျာမနီရုပ်ရှင်လောကမှာ Best Feature Film, Best Supporting Actor, Best Score, Best Editing စတဲ့ဆုလေးဆုလောက် ဆန်ကာတင်ဝင်ထားတဲ့ကားလေးပါ။ အဖြူအမည်းနဲ့ရိုက်ထားတဲ့ ဒီကားလေးဟာ ဒုတိယကမ္ဘာစစ်က ပုံရိပ်တစ်ခုကိုပီပီပြင်ပြင်သရုပ်ဖော်ထားသလိုပါပဲ။ စစ်ကားကြိုက်တဲ့ ပရိသတ်ကြီးအဖို့တော့ တော်တော်လေးအကြိုက်တွေ့မှာပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းကိုလဲ တင်ပြပါဦးမယ်။ စစ်ပွဲကြီးပြီးကာနီး နှစ်ပတ်အလိုမှာစစ်ပွဲကနေ စစ်သားတွေအများအပြားထွက်ပြေးကြပါတယ်။ နောက်ကလိုက်ဖမ်းသူတွေ ထွက်ပြေးသူတွေ သုတ်သင်ပစ်သူတွေနဲ့ ငရဲပွက်နေချိန်မှာ တပ်သားလေးတစ်ဦးဟာ ဗိုလ်ကြီး ယူနီဖောင်းတစ်စုံကိုရှာဖွေတွေ့ရှိသွားပါတော့တယ်။ အဲဒီမှာ ဇာတ်လမ်းကစပါတော့တယ်။ဗိုလ်ကြီး ဟာရိုးဆိုတဲ့ နာမည်နဲ့ဗိုလ်ကြီးအယောင်ဆောင်ထားတဲ့ တပ်သားလေးဟာ ဘယ်လိုဆက်ရှင်သန်မလဲ? တပ်ပြေးမှန်းသိရင် ခြွင်းချက်မရှိ သတ်ပစ်မယ့်အခြေအနေတစ်ခုမှာ သူဘာဆက်လုပ်မလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်စားစွာကြည့်ရှူရမယ့်ကားကောင်းလေးပါ။ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်မှန်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီး အတွက် The Captain (2017)ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File Size : (1 GB) & (236 MB) Quality : BluRay 720p Running Time :1hr 58 min Format : Mp4 Genre :  Drama , History , War Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

ဇာတ်လမ်းအကြောင်း