ဇာတ်ကားများ ရွေးရန်

Faithfully Yours

2022ဇာတ်ကားအမှတ် 6.3/1096 မိနစ်

Bodil နဲ့ Isabel ဟာ အိမ်ထောင်ကိုယ်စီရှိကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ သူတို့က ခင်ပွန်းတွေ မသိအောင် တခြားသူတွေနဲ့ တွေ့ဖို့ ဘယ်လ်ဂျီယံကမ်းခြေကို ပိတ်ရက်ခရီး ထွက်လာကြတယ်။ ရောက်ရင် တစ်ယောက်တစ်နေရာစီ သွားကြပေမယ့် ခင်ပွန်းတွေကိုတော့ နှစ်ယောက်အတူရှိနေသလို လိမ်ပြောထားဖို့ စီစဉ်ထားကြပါတယ်။ Isabel ရဲ့ခင်ပွန်းက ဇနီးကို စိတ်မချလို့ ဖုန်းမှာ GPS တပ်ထားတယ်။ ဒါကိုသိတဲ့ Isabel က သူ့ဖုန်းကို Bodil ဆီ ပေးထားခဲ့ပြီး Bodil ကလည်း Isabel အယောင်ဆောင်ကာ ဓာတ်ပုံတွေပို့ပြီး အိမ်မှာရှိနေကြောင်း လိမ်ပေးထားတာပါ။ ဒါပေမယ့် Bodil က တခြားအမျိုးသားတစ်ယောက်နဲ့ ကမ်းခြေသွားပြီး အိမ်ပြန်လာချိန်မှာ ကြမ်းပြင်ပေါ် သွေးတွေရွှဲနေပြီး Isabel ပျောက်နေပါတယ်။ သူတို့ရဲ့ခင်ပွန်းနှစ်ယောက်လည်း အဲဒီအိမ်ကို လိုက်ရောက်လာကြတယ်။ ရဲတွေ စစ်မေးလာတဲ့အခါ Bodil ဟာ သူပြောထားတဲ့ အလိမ်တွေကြားမှာပဲ ရှုပ်ထွေးလာတော့တယ်။ Isabel အသတ်ခံရတာဖြစ်ကြောင်း သိလာရချိန်မှာတော့ Bodil ဘယ်လိုရှင်းပြနိုင်မလဲ၊ တရားခံကရော ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။

ဇာတ်လမ်းအကြောင်း