Murder by Numbers
ရစ်ချက်ဟာ ချမ်းသာပြီး ရုပ်ရည်ချောမောသလို ကျောင်းမှာလည်း လူသိများတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူနဲ့ သူငယ်ချင်း ဂျက်စတင်တို့က လိုချင်တာမှန်သမျှ ရနေတဲ့ဘဝကို ငြီးငွေ့လာကြတယ်။ ဘဝကို အပြည့်အဝခံစားကြည့်ချင်တယ်ဆိုတဲ့ စိတ်နဲ့ နှစ်ယောက်သား လူသတ်မှုတစ်ခု ကျူးလွန်ဖို့ ကြံစည်ကြပါတော့တယ်။ သူတို့ ဘယ်လောက်ဉာဏ်ကောင်းကြောင်း ပြချင်တဲ့အတွက် အမှုကို အကွက်စေ့အောင် စီစဉ်ထားကြတယ်။ ဒါပေမယ့် ဒီအမှုကို ကိုင်တွယ်ရတဲ့ စုံထောက် ကတ်ဆီမေဝဲသာကလည်း ဒီလိုယောက်ျားမျိုးတွေနဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသူပါ။ သူတို့စီစဉ်ထားတဲ့ လှည့်ကွက်တွေကို ကတ်ဆီ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ ဆက်တွေ့ရမှာပါ။ Ryan Gosling ငယ်ရွယ်စဉ်က ရိုက်ကူးခဲ့တဲ့ မှုခင်းဇာတ်ကားဖြစ်ပြီး Michael Pitt၊ Ben Chaplin နဲ့ Sandra Bullock တို့လည်း အဓိကပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Barbet Schroeder ပါ။
ဇာတ်လမ်းအကြောင်း