ဇာတ်ကားများ ရွေးရန်

Blood & Gold

2023ဇာတ်ကားအမှတ် 6.6/10100 မိနစ်

ဒုတိယကမ္ဘာစစ် ပြီးခါနီး ၁၉၄၅ ခုနှစ်မှာ ဂျာမန်တွေ စစ်ရှုံးနေကြပေမယ့် နာဇီအဖွဲ့တစ်ဖွဲ့ကတော့ ရွှေချောင်းတွေကို လိုက်ရှာနေပါတယ်။ မြို့တစ်မြို့မှာ နေထိုင်ခဲ့တဲ့ ဂျူးလူမျိုးတစ်ယောက်ဆီမှာ ရွှေချောင်းတွေ သေတ္တာလိုက်ရှိခဲ့တယ်ဆိုတဲ့ သတင်းကို သူတို့ ရထားတာပါ။ ဒါကြောင့် ဘယ်နေရာမှာရှိမှန်းမသိဘဲ လိုက်ရှာရမယ့်ခရီးလို့ မထင်ကြဘဲ သွားယူရုံပဲလို့ တွက်ထားကြတယ်။ တကယ်ရောက်သွားတော့ အဲဒီဂျူးမိသားစု နေခဲ့တဲ့အိမ်က အပျက်အစီးပုံပဲ ကျန်တော့တယ်။ လွယ်လွယ်နဲ့ ရမယ်ထင်ထားတဲ့ နာဇီတွေ အကြပ်ရိုက်သွားပြီး ရွှေတွေ ဘယ်ရောက်နေသလဲ၊ ဘယ်သူတွေ ရသွားမလဲဆိုတာ ဆက်ရှာရတော့မှာပါ။ သေနတ်ပစ်ခတ်မှုတွေနဲ့ စစ်ကာလအကြောင်းကို ရိုက်ကူးထားတဲ့ ဂျာမန်အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း