Karthikeya 2
ကာသစ်ဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရတာ ဝါသနာပါတဲ့သူလည်း ဖြစ်ပါတယ်။ လက်တွေ့သိပ္ပံကို အခြေခံပြီး ယုတ္တိရှိတာတွေကိုပဲ ယုံကြည်တတ်တဲ့သူပါ။ တစ်ဖက်မှာတော့ ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေတဲ့ သိုက်တူးသမားအဖွဲ့အစည်းတစ်ခု ရှိနေတယ်။ အဲဒီအဖွဲ့ထဲက ပရော်ဖက်ဆာတစ်ယောက်က အဆင်တန်ဆာတွေကို လောဘနဲ့ ရယူချင်ကြတာကို မလိုလားပါဘူး။ ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို သိနိုင်မယ့် သဲလွန်စတွေကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ရှာဖွေဖော်ထုတ်ခဲ့တယ်။ နောက်တော့ အဲဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီ ရောက်လာပါတယ်။ စူးစမ်းလိုစိတ်ရှိတဲ့ ကာသစ်က သဲလွန်စတွေကို ဘယ်လိုဆက်ဖော်ထုတ်မလဲ၊ ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ ဒီတေလဂူဇာတ်ကားမှာ နီခေလ်နဲ့ အန်နူပမာတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း