ဇာတ်ကားများ ရွေးရန်

Nahir

2024ဇာတ်ကားအမှတ် 5.9/10108 မိနစ်

Imdb - 4.7/10 အာဂျင်တီးနားတစ်နိုင်ငံလုံးကို ဂယက်​ရိုက်​သွားခဲ့တဲ့ မှုခင်းကို ပြန်လည်​ရိုက်ကူး​ထား​တဲ့ ဖြစ်ရပ်​မှန်​ရုပ်ရှင်​ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်​မှ ထွက်​ရှိထားပြီး Crime/ Drama ရုပ်ရှင်​အမျိုးအစား​ဖြစ်​ပါတယ်။ စပိန်စကား​ပြော အာဂျင်တီးနား ရုပ်ရှင်​ဖြစ်​ပြီး Nahir Galarza ဆိုတဲ့​ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ ကျူးလွန်​ခဲ့တယ်ဆိုတဲ့ မှု​ခင်း​တစ်​ခုကို​ အခြေ​ပြု​ထား​ပြီး ဖြစ်​ရပ်​မှန်​ကို စိတ်​ကူး​ယဥ် element အချို့​ ထည့်​သွင်း​ထား​တဲ့ ဇာတ်လမ်း​ဖြစ်​ပါတယ်။ ဇာတ်လမ်းအကျဥ်း​ကတော့​ Nahir က Gualeguaychú မြို့​မှာ ဖခင်​ဖြစ်သူ​ ရဲအရာရှိ၊ မိခင်နဲ့ မောင်​လေးတစ်ဦးနဲ့ အတူနေထိုင်တဲ့ ၁၉ နှစ်အရွယ်​ မိန်းကလေး​တစ်ဦး​ဖြစ်ပါတယ်။ ရည်းစားဖြစ်သူ Fernando နဲ့ တကျက်ကျက် စကား​များ​လေ့ရှိ​ရာမှ တစ်​နေ့မှာ​ Fernando သေနတ်​နဲ့အပစ်ခံရပြီး ဆုံး​ပါးသွားပါတယ်။ Nahir​ က သူ့လက်ချက်ဖြစ်ကြောင်း ဝန်​ခံရာကနေ ဒီရုပ်ရှင်​ကိုအစပြုထားပါတယ်။ Nahir​ Galarza​ အမှုဟာ အာဂျင်တီးနား တစ်​နိုင်ငံ​လုံးကို​ အငြင်းပွားစေခဲ့တဲ့ နာမည်ကြီးမှုခင်းတစ်ခုဖြစ်ပြီး ယနေ့အထိ လူငယ်​များအကြား မှုခင်း​တွေ၊ ရာဇဝတ်​မှု​တွေကို ငြင်း​ခုံရာမှာ အကိုးအကားအဖြစ် အသုံးပြု​နေကြဆဲပါ။ Nahir​ အပေါ်​ အမြင်​တွေကလည်း တစ်ဦးနဲ့တစ်ဦး ကွဲလွဲနေကြဆဲပါ။ တစ်နိုင်​ငံလုံးကတော့ Nahir​ ကို ကရုဏာ​သက်ခဲ့ပြီး အာဂျင်တီးနား​ရဲ့ တရား​ရေးစနစ်ကို မေးခွန်း​ထုတ်​ခဲ့ကြပါတယ်။ ဒီအမှုကနေတဆင့် အမျိုးသမီး​ငယ်​တွေအတွက်​ တက်​ကြွလှုပ်ရှားသူများက တရား​ရေး​စနစ်​က အမျိုးသမီး​ငယ်​တွေအပေါ်​ ဆက်​ဆံ​ပုံ မမျှတခြင်းကို ပြုပြင်ဖို့ လှုံ့ဆော်​ခဲ့ကြ​ပါသေးတယ်။ ဒီ​ရုပ်ရှင်က Nahir ရဲ့ Unreliable Narrative ကို​ အခြေ​ပြု​ထား​ပြီး​ ကြည့်​ရှု​သူ ပရိသတ်​တွေကို ထင်​မြင်​ချက်၊ ဝိဝါဒ အမျိုး​မျိုး​ကွဲပြား​စေမဲ့ ဇာတ်လမ်း​မျိုးဖြစ်ပါတယ်။ File size…(1.5 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Crime, Drama, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

ဇာတ်လမ်းအကြောင်း