ဇာတ်ကားများ ရွေးရန်

A Tale of Love and Desire

2021ဇာတ်ကားအမှတ် 6.4/10102 မိနစ်

အာမက်ဟာ စာပေကို စိတ်ဝင်စားတဲ့ အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ပါ။ အရာရာကို အတွေးများတတ်တဲ့သူမို့ မကြုံဖူးသေးတဲ့ အချစ်နဲ့ တွေ့လာတဲ့အခါ ပိုပြီးစိတ်ရှုပ်ထွေးရတယ်။ ဖာရာဆိုတဲ့ မိန်းကလေးက သူ့စိတ်ထဲမှာ ကြီးစိုးနေသလောက် သူကတော့ အဲဒီခံစားချက်နဲ့ ဝေးရာကို ထွက်ပြေးနေမိပါတယ်။ သူ့အတွက် စိတ်ထွက်ပေါက်ဆိုလို့ ရမ္မက်ဆန်တဲ့ ကဗျာတွေပဲ ရှိနေတယ်။ မူရင်းအညွှန်းမှာ အာမက်ရဲ့အဖြစ်ကို မာဂျ်နန်ဆိုတဲ့ ကဗျာဆရာအကြောင်းနဲ့ နှိုင်းယှဉ်ထားပါတယ်။ မာဂျ်နန်ရဲ့ ချစ်သူက ခင်ပွန်းဆုံးပါးပြီးနောက် သူ့ဆီပြန်လာပေမယ့် မာဂျ်နန်က လက်မခံတော့ဘူး။ သူမကို ကဗျာတွေရေးဖို့ စိတ်ကူးလှုံ့ဆော်ပေးသူအဖြစ်ပဲ ရှိနေစေချင်ပြီး တကယ်ပေါင်းဆုံလိုက်ရင် ကဗျာတွေရဲ့ အနက်ပျက်သွားမှာကို စိုးရိမ်တာပါ။ ဒီလိုနဲ့ သူတို့ကြားက အတားအဆီးဟာ ကဗျာဆရာကိုယ်တိုင် ဖြစ်လာခဲ့တယ်။ အာမက်ကလည်း ပျော်ရွှင်နေရင်း ဝမ်းနည်းရသလို ရဲရင့်ချင်ပေမယ့် မဝံ့မရဲ ဖြစ်နေတတ်ပါတယ်။ သူ့အတွေးတွေက မာဂျ်နန်လိုပဲ ကိုယ့်အချစ်ကို ကိုယ်တိုင်တားဆီးမိတဲ့ဘက် ဦးတည်သွားမလား။

ဇာတ်လမ်းအကြောင်း