ဇာတ်ကားများ ရွေးရန်

Dear John

2010ဇာတ်ကားအမှတ် 6.8/10108 မိနစ်

ဒီဇာတ်ကားလေးက အရမ်းနာမည်ကြီးတဲ့The Notebook ကိုရေးတဲ့ စာရေးဆရာ Nicolas Sparks ရဲ့ Dear John ဝတ္တုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အမေရိကန် အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ စစ်သားလေး “ဂျွန်” ဟာ ခွင့်ရစဉ်ဇာတိမြို့လေးကိုခဏပြန်လာတဲ့အချိန်မှာ ကောလိပ်ကျောင်းသူလေး “ဆာဗားနား” နဲ့ချစ်ကြိုးသွယ်ခဲ့မိပါတယ်။ ဒီနောက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်စာလေးတွေမှန်မှန်ရေးကြရင်း ဒီဇာတ်လမ်းလေးကို အရှိန်မြင့်စေပါတယ်။ ဘယ်လောက်စစ်မှန်တဲ့a ချစ်ခြင်းမေတ္တာဖြစ်ဖြစ် ကံကြမ္မာရဲ့ အလှည့်အပြောင်း ဇာတ်ဆရာအလိုကျ ချစ်ရတဲ့ချစ်သူနှစ်ယောက် ဘယ်လိုအဆက်ပြတ်သွားကြမလဲ ဘယ်လောက်ကြိတ်မှိတ်ခံစားရတယ်ဆိုတာကို ထိထိမိမိရိုက်ပြသွားပါတယ်…. ဒါ့အပြင် ဖခင်တစ်ယောက်နဲ့သားတစ်ယောက်ရဲ့ ဆက်ဆံရေး၊ နှုတ်ကဖွင့်မပြောတတ်တဲ့ ယောင်္ကျားသား (၂) ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သဘောပေါက်နိုင်ပါတယ်။ နောက်ထပ်လည်း ဒင်္ဂါးလေးတွေ အကြောင်းလည်း ဗဟုသုတရဖွယ်ဖော်ပြသွားလို့ တော်တော်ကြည့်ပျော်တဲ့ကားလေးလို့ပဲ ညွန်းဆိုပါရစေ မိသားစုနဲ့ ကြည့်ဖို့သင့်တော်တဲ့ အမေရိကန် Romance ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ။ IMDB Rating 6.3 ရရှိထားတဲ့ ကားတစ်ကားပါ။ (ဇာတ်လမ်းအညွှန်းရေးသားသူ နဲ့ ဘာသာပြန်သူကတော့ ကိုသက်ဖြိုးဦး ပဲ ဖြစ်ပါတယ်။)

ဇာတ်လမ်းအကြောင်း