Blind
ဂျီယာဟာ ထိပ်တန်းရဲအရာရှိတစ်ယောက်ဖြစ်ပြီး မိဘမဲ့ဂေဟာမှာ အတူကြီးပြင်းလာတဲ့ အေဒရီရန်ကို မောင်လေးတစ်ယောက်လို စောင့်ရှောက်လာသူပါ။ တစ်နေ့မှာ အေဒရီရန်ကို ကလပ်ကနေ ဆွဲခေါ်လာပြီး အပြန်လမ်းမှာ မတော်တဆမှုတစ်ခု ဖြစ်သွားတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဂျီယာဟာ အမြင်အာရုံဆုံးရှုံးခဲ့ရသလို မောင်လေးကိုလည်း ဆုံးရှုံးပြီး ရဲအရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။ နောက်တစ်နေ့ မိဘမဲ့ဂေဟာက ပြန်လာတဲ့လမ်းမှာ တက္ကစီငှားစီးရင်း မထင်မှတ်ဘဲ လူသတ်မှုတစ်ခုနဲ့ ကြုံလိုက်ရတယ်။ အမှုရဲ့ တစ်ဦးတည်းသောသက်သေ ဖြစ်လာပေမယ့် မျက်မမြင်တစ်ယောက်ရဲ့ ပြောစကားကို ဘယ်သူမှ လက်မခံကြပါဘူး။ ရဲဝန်ထမ်းဟောင်း ဂျီယာအနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်မလဲ၊ လူသတ်သမားကို ကိုယ်တိုင်ရှာတွေ့နိုင်မလားဆိုတာ ဆက်တွေ့ရမှာပါ။ ၂၀၂၃ ခုနှစ်ထွက် အိန္ဒိယမှုခင်းသည်းဖိုဇာတ်ကားဖြစ်ပြီး Neerja မှာ လေယာဉ်မယ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဆိုနမ်ကပူးရ်က အဓိကပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း