ဇာတ်ကားများ ရွေးရန်

Mindcage

2022ဇာတ်ကားအမှတ် 6.7/10107 မိနစ်

ဂျိတ်နဲ့ မေရီတို့ဟာ လွန်ခဲ့တဲ့ငါးနှစ်က ကွင်းဆက်လူသတ်မှုတွေကို ပုံစံတူလိုက်ကျူးလွန်နေတဲ့ အမှုတစ်ခုနဲ့ ကြုံလာကြပါတယ်။ အရင်အမှုရဲ့ လူသတ်သမားကိုတော့ ဖမ်းမိထားပြီးဖြစ်လို့ အခုလူသတ်မှုတွေက သူတို့အတွက် ပဟေဠိဖြစ်လာတယ်။ ဖမ်းထားတဲ့လူသတ်သမားကို အနုပညာရှင်လို့ ခေါ်ကြပါတယ်။ သူက အမျိုးသမီးတွေကို အဆိပ်ခတ်သတ်ပြီး အလောင်းတွေကို တာရှည်ခံအောင် ပြုလုပ်တယ်။ နတ်သမီးတွေလို တောင်ပံတပ်ပေးပြီး လူမြင်သာတဲ့နေရာတွေမှာ အလှဆင်ထားခဲ့တာပါ။ အခုအမှုတွေမှာလည်း အဲဒီပုံစံအတိုင်း လုပ်ထားတဲ့အပြင် သုံးထားတဲ့ပစ္စည်းတွေကပါ တူနေပါတယ်။ အမှုသစ်အတွက် သတင်းတစ်စုံတစ်ရာ ရနိုင်မလားဆိုပြီး မေရီက ထောင်ထဲက အနုပညာရှင်ဆီ သွားမေးပါတယ်။ သူ့ဆီကနေ ဘာတွေသိလာရမလဲ၊ အတုယူကျူးလွန်နေသူကို ရှာဖို့ ဘယ်လိုဆက်စုံစမ်းရမလဲဆိုတာကနေ ဇာတ်လမ်းဆက်သွားပါတယ်။

ဇာတ်လမ်းအကြောင်း