ဇာတ်ကားများ ရွေးရန်

The Railway Man

2013ဇာတ်ကားအမှတ် 6.9/10116 မိနစ်

၁၉၄၂ ခုနှစ်မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ် ကျသွားပြီးနောက် မဟာမိတ်စစ်သားတွေ ဂျပန်တွေလက်ထဲ စစ်သုံ့ပန်းအဖြစ် ရောက်သွားကြတယ်။ သူတို့ကို ယိုးဒယား–မြန်မာ မီးရထားလမ်းဖောက်လုပ်ရေးမှာ ကျွန်တွေလို အတင်းအကျပ် အလုပ်လုပ်ခိုင်းခဲ့ကြပါတယ်။ လူအသေအပျောက်များလွန်းတဲ့ အဲဒီရထားလမ်းကို သေမင်းတမန်ရထားလမ်းလို့ သိကြတာပါ။ အဖမ်းခံရသူတွေထဲမှာ ဗြိတိသျှတပ်က ဆက်သွယ်ရေးအရာရှိ Eric Lumox လည်း ပါဝင်ပါတယ်။ သူက မီးရထားလမ်းတွေအကြောင်း ဝါသနာကြီးသလို သေချာလည်း နားလည်သူပါ။ တစ်နေ့မှာ အဖမ်းခံထားရတဲ့ ဗြိတိသျှစစ်သားတွေက ရထားလမ်းဖောက်နေတဲ့နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတော့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။ သူတို့အုပ်စု အဲဒီနေရာကနေ လွတ်မြောက်နိုင်ပါ့မလား၊ လမ်းမှာ ဘယ်လိုအဖြစ်ဆိုးတွေ ထပ်ကြုံရဦးမလဲ။ စစ်အတွင်း အောက်ခြေစစ်သားတွေ ခံစားရတဲ့ အနိဋ္ဌာရုံတွေအပြင် စစ်ပြီးသွားတဲ့နောက်မှာပါ စစ်ပြန်တွေကို ဆက်ခြောက်လှန့်နေတဲ့ အတိတ်အရိပ်တွေအကြောင်းလည်း ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း