Laal Singh Chaddha
လိုင်ဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းပြီး ခြေထောက်လည်း မသန်စွမ်းတဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့အမေကတော့ သူဟာ တခြားသူတွေနဲ့ မကွဲပြားဘူး၊ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို အမြဲသင်ပေးထားတယ်။ အနိုင်ကျင့်ခံရ၊ ဝိုင်းပယ်ခံရတာတွေ ကြုံနေရတဲ့ လိုင်အတွက် ကျောင်းမှာတွေ့တဲ့ ရူပါဟာ သူ့ဘက်က ရပ်တည်ပေးတဲ့ ပထမဆုံးသူ ဖြစ်လာပါတယ်။ ရူပါက တဖြည်းဖြည်းနဲ့ လိုင်ရဲ့ဘဝမှာ အရေးအပါဆုံးသူတစ်ယောက် ဖြစ်လာတယ်။ သူပြောတဲ့စကားဆို လိုင်က မဆိုင်းမတွ လုပ်ပေးတတ်ပြီး အနာဂတ်အတွက် စိတ်ကူးတွေထဲမှာလည်း ရူပါပဲ ရှိနေပါတယ်။ သူ့အမေနဲ့ ရူပါဟာ သူ့ဘဝမှာ အားကိုးတွယ်တာရဆုံး လူနှစ်ယောက်ပါ။ အနိုင်ကျင့်သူတွေလက်က လွတ်အောင် ပြေးရင်းနဲ့ လိုင်ဟာ အပြေးသန်လာပြီး အပြေးသမားတစ်ယောက် ဖြစ်လာခဲ့တယ်။ စစ်ထဲလည်း ဝင်ခဲ့သလို ဘဝမှာ အလုပ်မျိုးစုံ၊ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်းခဲ့ပါတယ်။ အဲဒီခရီးတစ်လျှောက်မှာ သူ့ရဲ့ရိုးသားမှု၊ စိတ်ကောင်းရှိမှု၊ ဇွဲနဲ့ အစွဲအလမ်းတွေကို တွေ့ရမှာပါ။ Forrest Gump ကို အိန္ဒိယအငွေ့အသက်နဲ့ ပြန်လည်ရိုက်ကူးထားပြီး အမီခန်းနဲ့ ကရီနာကပူးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ၊ ဒရာမာ၊ အချစ်ဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း