ဇာတ်ကားများ ရွေးရန်

Death Game

2024ဇာတ်ကား88 မိနစ်

ဒီဇာတ်ကားလေးကတော့ squid game ဇာတ်ကားနဲ့ ပလော့ခပ်ဆင်ဆင်လေးပါပဲ ။ သိုင်းကားဆန်ဆန်ရိုက်ကူးထားခြင်းမျိုးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းအနေနဲ့ - သိုင်းလောကမှာ တစ်နှစ်တစ်ကြိမ် သေမင်းကစားပွဲ ( သို့ ) အဆိပ်ငါးမျိုးစမ်းသပ်ပွဲလို့ခေါ်တဲ့ ယှဉ်ပြိုင်ပွဲကြီး ကျင်းပလျက်ရှိပါတယ် ။ အနိုင်ရရင် ရွှေသားတစ်ထောင်ကိုပေးမယ်ဆိုတဲ့ မက်လုံးကလည်းပါနေတော့ အသက်အန္တာရာယ်ရှိနေတာတောင် ဝင်ပြိုင်ချင်တဲ့သူတွေက ဒုနဲ့ဒေးပါပဲ ။ ဒီနှစ်အတွက် အဆိပ်ငါးမျိုးစမ်းသပ်ပွဲမှာတော့ လူ့အတွင်းစိတ်ထဲက အဆိပ်ငါးမျိုးဖြစ်တဲ့ လောဘ ၊ ဒေါသ ၊ မောဟ ၊ သံသယ နဲ့ မာနဆိုတဲ့ အဆင့်ငါးဆင့်ကို ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ် ။ အနယ်နယ်အရပ်ရပ်က သိုင်းလောကသားတွေလည်း လာရောက်ယှဉ်ပြီုင်ပြီးတော့ အကြံအစည်တချို့ရှိနေတဲ့သူလည်းရှိနေပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ဒီလို ရက်စက်ယုတ်မာတဲ့ ကစားပွဲရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်နေမလဲ ဒီကစားပွဲကို ဝင်ပြိုင်တဲ့သူတွေကရော ထင်ထားသလောက် ရိုးရှင်းပါ့မလား ၊ ဒီသေမင်းပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ် ။ Filesize : 1.32 GB / 695 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Adventure , Action , History Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK

ဇာတ်လမ်းအကြောင်း