ဇာတ်ကားများ ရွေးရန်

Kidnapping Mr. Heineken

2015ဇာတ်ကားအမှတ် 6.0/1095 မိနစ်

ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ။ ၁၉၈၃ ခုနှစ် နိုဝင်ဘာလ။ စီးပွားရေး မပြေလည်တဲ့  သာမန်သူငယ်ချင်းတစ်စုက ရာစုနှစ်အတွင်း အကြီးကျယ်ဆုံး ပြန်ပေးဆွဲမှုကို ကျူးလွန်ခဲ့ကြပါတယ်။ သူတို့ရဲ့  ဓါးစာခံကတော့ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဟိုင်နီကန်ဘီယာ အုပ်စုရဲ့ အုပ်ချုပ်သူအကြီးအကဲ ဖရက်ဒီ ဟိုင်နီကန် ပဲဖြစ်ပါတယ်။ အမ်စတာဒမ်မြို့ ရဲ့ လမ်းလည်ခေါင်မှာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒီ ပြန်ပေးဆွဲမှု အတွက် ပြန်ရွေးရန် တောင်းဆိုငွေက  ဥရောပငွေ ယူရို ၁၆သန်းခန့် ဖြစ်ပြီး  လူတစ်ဦးထဲကို ပြန်ပေးဆွဲမှု ဖြစ်စဉ်အားလုံးမှာ ပြန်ရွေးရငွေ အမြင့်ဆုံးသော အမှု ဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာ   စီးပွားရေးမပြေလည်တဲ့ ကိုဗန်ဟောက် (Cor Van Hout) ၊ ဝီလီယမ် ဟိုလီဒါ (Willem Holleeder) စတဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်း ၅ယောက်ဟာ ဘဏ်တစ်ခုကို သွားပြီး ငွေချေးပါတယ်  တစ်ခုထဲသော အာမခံအဖြစ်ထားနိုင်တဲ့ သူတို့ ပိုင်တဲ့ မြေက ကျူးကျော်တွေ နေထိုင်တဲ့ အတွက် ဘဏ်က ငြင်းလိုက်ပါတယ် ။ နောက်ဆုံးမှာတော့ ဗန် ရဲ့ အကြံအတိုင်း သူတို့ရဲ့ ငွေကြေးအကြပ်အတည်းကို ပြန်ပေးဆွဲခြင်းဖြင့် ဖြေရှင်းဖို့  ဆုံးဖြတ်လိုက်ကြပါတယ် ။ ဟိုလီဒါ က ပြန်ပေးဆွဲတဲ့အခါ  ရာဇဝင်လူဆိုးဂိုဏ်းကြီးတွေနည်းတူ လက်နက်ကိရိယာတွေ ဆက်သွယ်ရေး ပစ္စည်းတွေ သုံးနိုင်မှ ရဲတွေကို ခြေရာဖျောက်နိုင်မှာ ဖြစ်တဲ့အတွက် ပြန်ပေးဆွဲနိုင်ဖို့ လုံလောက်တဲ့ငွေ အရင်ရှာဖို့ အကြံပေးပြန်တဲ့အခါ  ဘဏ်ငွေသိမ်းတဲ့ကားကို ဓါးပြတိုက်ပြီး ပြန်ပေးဆွဲနိုင်ဖို့  လုံလောက်တဲ့ငွေကို အရင်ဆုံး ဖန်တီးခဲ့ကြပါတယ် ။ အဲ့ဒီနောက် ဟိုင်နီကန် ရဲ့ နေအိမ် ဝန်းကျင်မှာ သူ့ရဲ့ အသွားအလာကို စုံစမ်း ၊ ဓါးစာခံ ထားတဲ့နေရာ၊ ပြန်ပေးဆွဲရာမှာ သုံးမယ့်ကား စသည်ဖြင့် ပြင်ဆင်ရင်းနဲ့ ပြန်ပေးဆွဲမယ့်နေ့ကိုရောက်လာပါတယ်။ မျက်နှာဖုံးစွပ်တွေ ဝတ်ထားတဲ့ ဗန်တို့အဖွဲ့က အပြင်သွားခါနီး ဟိုင်နီကန်ကို အိမ်တံခါးဝမှ အတင်းဆွဲခေါ်ကာ သူ့ရဲ့ ကားဒရိုင်ဘာနဲ့အတူ အမ်စတာဒမ်မြို့ တစ်နေရာ၊ အလုပ်သမား တန်းလျား တစ်ခုက လျှိ့ုဝှက်တံခါး၊ အသံလုံခန်းတွေနဲ့ အထူးစီမံ ထားတဲ့ သူတို့ရဲ့ ဓါးစာခံထားရာ အခန်းလေးကို ဖမ်းပြီးခေါ်ခဲ့ပါတယ်။  နောက် ရဲတွေနဲ့ ခြေရှုပ်နေတဲ့ ဟိုင်နီကယ်ရဲ့ အိမ်တံခါး၀ မှာရှိတဲ့ စာတိုက်ပုံးထဲကိုလည်း ငွေတောင်းတဲ့စာကို တိတ်တဆိတ် သွားထားခဲ့ပါတယ်။ နောက်နေ့တွေမှာတော့ သတင်းမီဒီယာအမျိုးမျိုးမှ သူတို့ရဲ့ ပြန်ပေးဆွဲမှုကို တခမ်းတနားဖော်ပြတဲ့အပြင် ပြန်ပေးဆွဲတဲ့သူတွေကိုလည်း ကျွမ်းကျင်အဆင့်ရှိသူတွေလို့ သုံးသပ်ကြကြောင်း သိရတဲ့အတွက် ဗန်တို့ ပျော်သွားကြပါတယ်။ ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့ နောက်ဆုံးရက်နဲ့ နီးကပ်လာပြီး ဓါးစာခံဘက်မှ အဆက်အသွယ်လဲမရတဲ့အပြင် ဟိုင်နီကန်ကလည်း အဖမ်းခံရတာကို နည်းနည်းမှ မဖြုံတဲ့ပုံနေပြတဲ့အခါ သူတို့ရဲ့ အပျော်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်ရတော့မှာလား …………… ဖစ်ရပ်မှန်မှာတော့ အဲ့ဒီ နံမည်ကြီးပြန်ပေးဆွဲမှုအတွက် ဗန်တို့ဟာ နှစ်နှစ်နီးပါး ကြိုးစားခဲ့ပြီးမှ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး သူတို့ကိုလည်း ချက်ချင်း ဖမ်းမမိခဲ့ပါဘူး။ ရုပ်ရှင်ထဲမှာတော့ သူတို့ရဲ့ အောင်မြင်တဲ့ ပြန်ပေးဆွဲမှုတစ်ခုကိုပဲ သူတို့ဘယ်လိုအားထုတ်ခဲ့ကြောင်း ကို ရိုက်ပြထားပါတယ်။ ဖြစ်ရပ်မှန်နဲ့ အနည်းငယ်ကွဲလွဲနေတဲ့ ဒီရုပ်ရှင်မတိုင်ခင် ၂၀၁၁ ခုနှစ်မှာလည်း ဒီဇာတ်လမ်းကိုပဲ ဒတ်ချ် မှုခင်းရုပ်ရှင်အနေနဲ့ ရိုက်ကူးထုတ်လွှင့်ခဲ့ဖူးပေမယ့် ယခုရုပ်ရှင်ရဲ့ အားသာချက်တွေကတော့ ဟိုင်နီကန်အဖြစ်  မင်းသားကြီး အန်သိုနီ ဟော့ပ်ကင်း (Anthony Hopkins)  က ပါဝင်သရုပ်ဆောင်ထားခြင်း ဇာတ်လမ်းထဲက ဟိုင်နီကန်က အဖမ်းခံထားရတဲ့ အခန်းကျဉ်းလေးထဲမှာ တေးသံသာလေးတွေ ဖွင့်ခိုင်းပြီး စိတ်တည်ငြိမ်အောင် ကြိုးစားနေထိုင်ရင်း ပြန်ပေးဆွဲတဲ့ သူတွေကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရင်း နောက်ဆုံးမှာ သူ့ဘက်က အသာစီးရအောင် သွေးအေးအေးနဲ့ နေနိုင်သူအဖြစ် ဇာတ်ရှိန်မြင့်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် သမ္မာအာဇီ၀ စီးပွားရေး လုပ်ငန်းဖြင့် ဘယ်လိုမှ မအောင်မြင်နိုင်တဲ့အဆုံး ရာဇဝတ်မှုနဲ့ စီးပွားရှာဖို့ဆုံးဖြတ်လိုက်တဲ့ ဗန် အဖြစ် 21 ဇာတ်လမ်းနဲ့ နံမည်ကြီးခဲ့တဲ့ မင်းသား ဂျင်စတားဂျက်စ် (Jim Sturgess) နောက်ထပ်သူငယ်ချင်းတွေဖြစ်တဲ့ ဟိုလီဒါ အဖြစ် Avator ရုပ်ရှင်နဲ့ ကျော်ကြားတဲ့ မင်းသား ဆမ် ဝေါ့သ်သင်းတန်ဂ်  (Sam Worhington) ဂျန် (Jan) အဖြစ် The Right Kind of Wong မှ မင်းသား ရိုင်ရန် ကွမ်တန် (Ryan Kwanten) ဖရန့်စ် (Frans) အဖြစ် နယ်သာလန်မင်းသားချော မာ့ခ်ဗန်အူဝင် (Mark Van Eeuwen) မာတင် (Martin) အဖြစ် အော်စတြေးလျ မင်းသားချော သောမတ်စ် (Thomas Cocquerel ) စတဲ့ နံမည်ကြီး မင်းသားပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့  ဒီဇာတ်လမ်းက ပြသချိန် ၁နာရီခွဲခန့် ကြာမြင့်ပါတယ်။ ရုပ်ရှင်မှ တချို့စကားပြောခန်းများကြောင့်  မိဘအုပ်ထိန်းသူများအရင်ကြည့်ပြီးမှ ကလေးသူငယ်များကြည့်ရန်သင့်မသင့်ဆုံးဖြတ်တဲ့စနစ် (restricted R ) အဖြစ် သတ်မှတ်ထားပြီး လောလောလတ်လတ် မတ်လ  ၆ ရက်နေ့မှာ တရားဝင်ဖြန့်ချီခဲ့ကာ IMDB rating 6.0  ရရှိထားတဲ့ ဒီကားက ကြည့်သင့်တဲ့ ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။ ဒီဇာတ်လမ်းမှာ သဘောကျမိတဲ့စကားတစ်ခွန်းရှိပါတယ်။ မစ်စတာဟိုင်နီကန်နဲ့ ဗန်တို့ အပြန်အလှန်စကားပြောတဲ့ ဇာတ်ဝန်ခန်းမှာ ဟိုင်နီကန်က လောကမှာ လူချမ်းသာ ၂ မျိုးပဲရှိတယ်။ ပိုက်ဆံချမ်းသာတဲ့သူ နဲ့  မိတ်ဆွေချမ်းသာတဲ့လူ။  လူတစ်ယောက်က ၂ မျိုးလုံးတော့ တပြိုင်နက်မချမ်းသာနိုင်ဖူး ဆိုတဲ့စကားပါ ။ (ရုပ်ရှင်အညွှန်းမှာ mmmovieguide မှ ဖြစ်ပါသည် ) Filesize : 779.2MB Quality : 720p Format : mp4 During :01:34:44 Subtitle : Myanmar Subtitle ( Hardsub) Encoder : LK

ဇာတ်လမ်းအကြောင်း