ဇာတ်ကားများ ရွေးရန်

Naruto Shippuden the Movie

2007ဇာတ်ကားအမှတ် 7.3/1094 မိနစ်

Naruto ဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်က One Piece၊ Bleach တို့နဲ့အတူ လူကြိုက်များခဲ့တဲ့ အန်နီမေးတစ်ခုပါ။ လက်မလျှော့ဖို့ အားပေးတဲ့ စကားတွေနဲ့ ဇာတ်ကောင်ရဲ့ လက်သုံးစကားတွေကို ပရိသတ်တွေ လိုက်ပြောကြတဲ့အထိ လူသိများခဲ့တယ်။ ဒီကားကတော့ Shippuden ရုပ်ရှင်တွေထဲက ပထမဆုံးကား ဖြစ်ပါတယ်။ Demon Country မှာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ နတ်ဆရာမတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာ မသမာသူတွေကြောင့် ချိတ်ပိတ်ချုပ်နှောင်ထားတဲ့ မိစ္ဆာဘုရင် လွတ်မြောက်လာပြီး ကမ္ဘာကို အုပ်စိုးဖို့ လုပ်ဆောင်လာတယ်။ သူ့ကို တားဆီးနိုင်သူက နတ်ဆရာမတစ်ယောက်ပဲ ရှိတာကြောင့် နတ်ဆရာမကို ကာကွယ်ပေးဖို့ Naruto တို့ တာဝန်ယူရပါတယ်။ ဒါပေမယ့် နတ်ဆရာမက Naruto သေရတော့မယ်လို့ ဟောလိုက်တဲ့အခါ သူ့အတွက် ရင်ဆိုင်ရမယ့်အရာက မိစ္ဆာဘုရင်ရဲ့ အန္တရာယ်တစ်ခုတည်း မဟုတ်တော့ဘူး။ နတ်ဆရာမရဲ့ ဟောကိန်းတွေက အမြဲတမ်း မှန်နေမှာလား၊ Naruto ကရော ဟောကိန်းအတိုင်း တကယ်သေဆုံးရတော့မှာလား။

ဇာတ်လမ်းအကြောင်း