ဇာတ်ကားများ ရွေးရန်

Chasing the Dragon

2017ဇာတ်ကားအမှတ် 6.9/10128 မိနစ်

အားလပ်ရက်လေးမှာဇာတ်ကားသစ်အလန်းစားလေးကြည့်ရအောင် အမြန်ဆုံးဘာသာပြန်တင်ဆက်ပေးထားတဲ့ နာမည်ကြီး မင်းသားတွေဖြစ်တဲ့ Donnie Yen နဲ့ Andy Lau တို့ရဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ပေးလိုက် ပါတယ်။ ဒီဇာတ်ကားဟာ ဟောင်ကောင်-တရုတ် Action/Crime/Drama ကားလေးတစ်ကားဖြစ်ပြီး တကယ့်အပြင်က ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ Ng-Sekho ဆိုတဲ့သူရဲ့ဇာတ်ရုပ်ကို Donnie Yen ကပါဝင်သရုပ်ဆောင်ပေးထားတာဖြစ်ပြီး Andy Lua ကတော့ Lee Rock ဆိုတဲ့ဇာတ်ကားလေးထဲကဇာတ်ရုပ်အတိုင်း အကျင့်ပျက်ရဲလောကကသူတစ်ယောက်ဖြစ် သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၆၃ခုနှစ်တွင် ဝူရှစ်ဟောင်ဆိုတဲ့လူတစ်ယောက်ဟာ တရုတ်ပြည်မကြီးကနေ ဗြိတိသျှကိုလိုနီတစ်ခုဖြစ်တဲ့ ဟောင်ကောင်ကိုတရားမဝင်ခိုးဝင်လာရကစပြီး မူးယစ်ပွဲစားတွေ အကျင့်ပျက်ရဲဝန်ထမ်းတွေ နဲ့ပြည့်နှက်နေတဲ့ မြေအောက်ကမ္ဘာက မူးယစ်ရာဇာကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီခေတ်ကာလအတွင်းက မူးယစ်ဆေးပြဿနာတွေ ပြည့်တန်ဆာမှုတွေ ဂိုဏ်းစတားတွေရဲ့အကွဲအပြဲဇာတ်လမ်းတွေကို အဓိကထားပြီးဇာတ်လမ်းကြောရိုးယူထားပါတယ်။ အဲဒီခေတ်ကာကတွင်းက ရဲတွေနဲ့ဂိုဏ်းတွေကြားကရင်းနှီးတဲ့ ဆက်ဆံရေးအရ ဝူရှစ်ဟောင်နဲ့ လေလော့ဆိုတဲ့ရဲအရာရှိတို့ဟာ တွဲဖော်တွဲဖက်တွေဖြစ်လာရုံသာမက မြို့တွင်းဂိုဏ်းတွေကြားတိုက်ခိုက်မှုတစ်ခုမှာ လေလော့ကို ဝူရှစ်ဟောင်တစ်ယောက်အသက်ဘေးကနေကယ်တင်ခဲ့တဲ့ နောက်တော့ သွေးသောက်ညီအစ်ကိုတွေအဖြစ်ထိရင်းနှီးလာခဲ့ကြပါတယ်။ ဝူရှစ်ဟောင်တစ်ယောက် သူ့ရဲ့မူးယစ်ဆေးနယ်ပယ်ကိုပိုမိုချဲ့ထွင်လာနိုင်ခဲ့ပြီး လေလော့နဲ့လည်းဆက်ဆံရေးကျဲလာပါတယ်။ အထူးသဖြင့် ရဲတွေထိန်းသိမ်းလို့မနိုင်တော့တဲ့ လူမိုက်ဂိုဏ်းတွေကြားစစ်ပွဲတွေကိုရပ်တန့်နိုင်ဖို့ ဝူရှစ်ဟောင်ကိုတိုက်တွန်းလိုက်တဲ့ အချိန်မှာပါပဲ။ သူတို့နှစ်ယောက်သား ပြိုင်ဖက်ဂိုဏ်းစတားတွေ၊ တရုတ်အကျင့်ပျက်ရဲဝန်ထမ်းတွေ၊ ဗြိတိသျှဆိုးသွမ်းအရာရှိတွေ ကိုယှဉ်ပြိုင်တိုက်ခိုက်ကြပါတော့တယ်။ ဒီလိုယှဉ်ပြိုင်နှိမ်နင်းကြရမှာ တစ်ဦးကရဲဝန်ထမ်း ၊ တစ်ဦးကမူးယစ်ရာဇာတစ်ဦးအနေနဲ့ နှစ်ယောက်သားသဘောထားကွဲလွဲမှုတွေ၊ အယူအဆမတူမှုတွေနဲ့ ဘယ်လိုမတူညီတဲ့နည်းလမ်းတွေနဲ့ နှိမ်နင်းသွားကြမလဲဆိုတာတော့ ပရိသတ်တွေကပဲဆက်ကြည့်လိုက်ကြပါဦး။ နာမည်ကြီးမင်းသားနှစ်ယောက်၊ မတူညီတဲ့ခေတ်ပြိုင်ဇာတ်ကောင်နှစ်ခုနဲ့ အပြိုင်အဆိုင်သရုပ်ဆောင်ထားကြတာဆိုတော့ ကြည့်မကောင်းစရာကိုမရှိပါဘူး။ Rating အနေနဲ့ကလည်း 7.1 ထိရှိထားတာဖြစ်တဲ့အတွက် အားလပ်ရက်မှာဘယ်မှ မသွားဖြစ်တဲ့သူတွေအတွက်ရာသီဥတုအေးအေးလေးနဲ့ ဇာတ်ကားကောင်းကောင်းလေးကြည့်ပြီး ဇိမ်ယူသင့်တာပေါ့ဗျာ။ (PS. ဘာသာပြန်ပေးသူကတော့ ထမင်းမစားရေမသောက်ဘဲထိုင်ပြန်ပေးလိုက်ရလို့ အသက်ထွက်သွားပြီလို့ပြောပါတယ်။ :3) File Size : (950 MB) and (350 MB) Quality : WEB-DL 720p Running Time : 2hr 8min Format : Mp4 Genre :Action, Biography, Crime Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL x264 AAC-HQC Translated by Ei Pa Pa San Encoded by Thanhtike Zaw

ဇာတ်လမ်းအကြောင်း