ဇာတ်ကားများ ရွေးရန်

Kruty 1918

2019ဇာတ်ကားအမှတ် 6.7/10110 မိနစ်

၁၉၁၈ ခုနှစ်မှာ ယူကရိန်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုဖို့ အသင့်ဖြစ်နေချိန်၊ ရုရှားစစ်တပ်ကတော့ ယူကရိန်းမြို့တွေကို တစ်မြို့ပြီးတစ်မြို့ သိမ်းယူလာပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မြို့တော်ကီဗီကိုပါ သိမ်းပိုက်ဖို့ပါ။ စစ်အင်အား ချိနဲ့လာတဲ့ ယူကရိန်းဘက်က အကြီးအကဲတွေဟာ ကီဗီမှာ ခြေကုပ်ယူပြီး ခုခံဖို့ ပြင်ဆင်ကြရတယ်။ လိုအပ်နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ မြို့ထဲမှာလည်း ဆက်တိုက်စည်းရုံးနေကြပါတယ်။ ရုရှားတပ်တွေကို ခုခံဖို့ ယူကရိန်းတက္ကသိုလ်ကျောင်းသား အများအပြား စစ်ထဲဝင်လာကြတယ်။ ဒါပေမယ့် စစ်ရေးအခြေအနေကြောင့် စစ်ပညာတစ်ပတ်ပဲ သင်ပြီး ရှေ့တန်းထွက်ရတော့မှာဖြစ်လို့ စိုးရိမ်စရာတွေ ရှိနေပါတယ်။ ဒီကျောင်းသားအင်အားစုက ကရူတီရထားဘူတာရုံမှာ ခြေကုပ်ယူပြီး ရုရှားစစ်တပ်ကို ခုခံကြရတဲ့ ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာပါ။

ဇာတ်လမ်းအကြောင်း