ဇာတ်ကားများ ရွေးရန်

Aksar

2006ဇာတ်ကားအမှတ် 4.4/10135 မိနစ်

အောင်မြင်ကျော်ကြားတဲ့ ဓာတ်ပုံဆရာ ရစ်ကီဆီကို လူချမ်းသာတစ်ယောက်ဖြစ်တဲ့ ရာဂျ်က ထူးထူးခြားခြား ကမ်းလှမ်းချက်တစ်ခုနဲ့ ရောက်လာပါတယ်။ သူ့မိန်းမကို ရစ်ကီအပေါ် ချစ်လာအောင် စည်းရုံးပေးနိုင်ရင် ငွေသိန်း ၃၀ ပေးမယ်ဆိုတာပါ။ ရာဂျ်ရဲ့မိန်းမက နာမည်ကြီးမော်ဒယ် ရှီနားရွိုင်းဖြစ်ပြီး ရစ်ကီနဲ့ ကတောက်ကဆ ဖြစ်ခဲ့ဖူးသူလည်း ဖြစ်တယ်။ ရာဂျ်က အဲဒီအကြောင်းကို သိလျက်နဲ့ ရစ်ကီကို လာကမ်းလှမ်းတာပါ။ ရစ်ကီကလည်း မော်ဒယ်တွေနဲ့ ဓာတ်ပုံရိုက်တဲ့ အလုပ်ဆက်ဆံရေးထက် ကျော်လွန်ပြီး အိပ်ရာပေါ်အထိ ပတ်သက်လေ့ရှိသူတစ်ယောက်ဖြစ်တော့ ဒီကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်။ ဒါပေမဲ့ ရာဂျ်က ကိုယ့်မိန်းမကို တခြားယောက်ျားတစ်ယောက် ချစ်လာအောင် ဘာကြောင့် လုပ်ခိုင်းရတာလဲ။ အရင်က အဆင်မပြေခဲ့တဲ့ ရစ်ကီနဲ့ ရှီနားတို့ကြားမှာရော ဘယ်လိုအခြေအနေတွေ ဖြစ်လာမလဲ။ အင်မရန်းဟက်ရှမီနဲ့ ဒီနိုမောရိယတို့ အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားမှာ ရာဂျ်ရဲ့ကမ်းလှမ်းချက်ကနေ ဇာတ်လမ်းအလှည့်အပြောင်းတွေ စလာပါတယ်။

ဇာတ်လမ်းအကြောင်း