Paradise Now
ငယ်သူငယ်ချင်းနှစ်ယောက်ဟာ အစ္စရေးနိုင်ငံက လူထူထပ်တဲ့ တဲလ်အာဗစ်မြို့မှာ အသေခံဗုံးခွဲဖို့ စည်းရုံးခံထားရပါတယ်။ Paradise Now က သူတို့နှစ်ယောက်ရဲ့ နှစ်ရက်တာအကြောင်းကို သူတို့ဘက်ကအမြင်နဲ့ ပြထားတဲ့ ရုပ်ရှင်ပါ။ တစ်သက်လုံး အဖိနှိပ်ခံအဖြစ် နေခဲ့ရတယ်လို့ ခံစားကြရပြီး ကိုယ့်မြေမှာ နေရင်းနဲ့ပဲ အကျဉ်းသားတွေလို ဖြစ်နေတယ်ဆိုတဲ့ အတွေးက သူတို့ရဲ့ခံယူချက်ထဲမှာ ရှိနေတယ်။ “တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်” ဆိုတဲ့ စကားကလည်း အသေခံဗုံးခွဲဖို့ ကြံရွယ်နေသူတစ်ဦးဆီက ထွက်လာတာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းပဋိပက္ခ နောက်ခံမှာ သူတို့ ဘာကိုယုံကြည်ကြသလဲ၊ ဘယ်လိုခံစားနေကြသလဲ၊ နောက်ဆုံးနေ့လို့ သတ်မှတ်ထားတဲ့အချိန်မှာ သူတို့နဲ့အတူ ဘယ်သူတွေ ရှိနေကြသလဲဆိုတာကို ဇာတ်လမ်းက အလေးထားပါတယ်။ ဇာတ်ကားထဲက ပါလက်စတိုင်းတွေက အစ္စရေးတွေကို “အခြေချနေထိုင်သူတွေ” လို့ ခေါ်ဝေါ်ကြတာလည်း တွေ့ရတယ်။ လူသတ်မှုဖြစ်တဲ့ အသေခံဖောက်ခွဲရေးအကြောင်းကို ကိုင်တွယ်ရင်း အရှေ့အလယ်ပိုင်းပဋိပက္ခအတွင်းက လူတွေရဲ့အမြင်နဲ့ ခံစားချက်တွေကို ပြထားပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာဆုအတွက် ပထမဆုံးတင်သွင်းခံရတဲ့ ပါလက်စတိုင်းရုပ်ရှင်ဖြစ်ပြီး ရွှေကမ္ဘာလုံးဆုနဲ့ ဘာလင်ရုပ်ရှင်ပွဲတော်က ဆုသုံးဆုလည်း ရရှိထားပါတယ်။
ဇာတ်လမ်းအကြောင်း