ဇာတ်ကားများ ရွေးရန်

Chinatown

1974ဇာတ်ကားအမှတ် 7.9/10130 မိနစ်

IMDB rating - 8.2/10 Rotten Tomatoes - 99% ၁၉၃၇ ရဲ့ နေ့တစ်နေ့မှာ LAမြို့က Jake Gittes ဆိုတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ဆီကို Evelynဆိုတဲ့ အမျိုးသမီးတစ်ယောက်က အမှုအပ်ဖို့ရောက်လာပါတယ် ရောက်လာတဲ့ အကြောင်းရင်းက သူ့ယောက်ျားဖောက်ပြန်နေတာကို စုံစမ်းပေးဖို့ပါ သူယောက်ျားကလည်း သာမန်လူတော့ မဟုတ်ဘူး LA Department of Water and Powerရဲ့ အကြီးတန်းအင်ဂျင်နီယာ တစ်ယောက် Jakeလည်း သူ‌့ကို‌ေနာက်‌ေယာင်ခံလိုက်တယ် ပြီးရင် အမျိုးသမီးတစ်ယောက်နဲ့ အတူတွဲမြင်နေရတဲ့ဓာတ်ပုံကိုရိုက်ပြီး နောက်နေ့သတင်းစာ ရှေ့ဖုံးမှာ ထည့်လိုက်တယ် အဲ့နေ့မှာဘဲ Evelyn အစစ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မကျေမနပ်ဖြစ်ပြီး တရားစွဲမယ်လုပ်တယ် Jakeလည်း ဒီကိစ္စကို တည့်‌ေဖြရှင်းချင်လို့ Mr.Mulwray နဲ့တွေ့ဖို့လုပ်ပေမယ့် မတွေ့ဖြစ်လိုက်ဘူး ဒါပေမယ့် နောက်နေ့ရောက်တော့ ရေနစ်သေနေတဲ့ Mr.Mulwrayကို တွေ့လိုက်ရတယ် ဒီလူသေမှုက ထင်ထားသလောက်မရိုးရှင်းဘူး Jakeတစ်ယောက် ဒီအမှုရဲ့ တရားခံ၊ နောက်ကွယ်က အမှန်တရားတွေကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ကြလိုက်ရအောင် Chinatownဟာ Neo-Noir အမျိုးအစားဇာတ်ကားဖြစ်ပြီး California Water Warsကို အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ် နာမည်ကျော်ဒါရိုက်တာကြီး Roman Polanski ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး Best Original Screenplayဆုကို ရထားတဲ့ အော်စကာဆုရ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ် Castအပိုင်းမှာတော့ နာမည်ကြီးတွေဖြစ်ကြတဲ့ Jack Nicholson၊ Fuye Dunawayနဲ့ John Hustonတို့ ပါ၀င်ပါတယ် ဒီကားဟာ Jack NicholsonကိုပထမဆံုးOscarဆုရသွား‌ေစတဲ့ One Flew Over The Cuckoo's Nest(1975)မတိုင်ခင် ထွက်ခဲ့တဲ့ကားပဲဖြစ်ပါတယ် အ‌ကောင်းဆုံးဇာတ်ကားစာရင်း၀င်ဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ (ဘာသာပြန်နဲ့ အညွှန်းကတော့ Daniel Lawwai ပဲဖြစ်ပါတယ်) Quality : 1080p Blu-Ray and 720p File Size : 2.3Gb and 1Gb Translated by : Daniel Lawwai  Encoded by : YK

ဇာတ်လမ်းအကြောင်း