ဇာတ်ကားများ ရွေးရန်

La Femme Nikita

1990ဇာတ်ကားအမှတ် 7.1/10117 မိနစ်

La Femme Nikita (1990) ~ IMDb - 7.3/10, RT - 89%, Meta - 56% ~ ဒီတစ်ခါက​တော့ အက်ရှင်ကား​​ကောင်း​ကောင်း​တွေကြည့်ချင်​နေတဲ့ ညီအစ်ကို​တို့အတွက် 1990 မှာထွက်ရှိခဲ့ပြီး ဆု​​ပေါင်းများစွာပိုင်​ဆိုင်ထားတဲ့အပြင် Critics Rating ​တွေလည်း​ ကောင်း၊ Series ပါပြန်ရိုက်ရ​လောက်​အောင် ​အောင်မြင်မှုရခဲ့တဲ့ ပြင်သစ်အက်ရှင်ကား La Femme Nikita ဆိုတဲ့ကားပါပဲ။ ဒီကားကိုတော့ ပြင်သစ်ဒါရိုက်တာ Luc Besson က ရိုက်ထားတာဖြစ်ပြီး သူ့နာမည်ကို သိပ်မရင်းနှီးရင်တောင် Leon: The Professional ကားကို အားလုံးရင်းနှီးကြမှာပါ။ အဲဒီမာစတာပိစ်ကားကို သူရိုက်ခဲ့တာပါ။ Taken ကားကိုလည်း သူပဲဇာတ်ညွှန်းရေးခဲ့ပြီး Lucy ကိုလည်း သူပဲရေးသားရိုက်ကူးခဲ့တာပါ။ နာမည်ကျော်အက်ရှင် ဇာတ်လမ်းကားတွေဖြစ်တဲ့ The Transporter ကားတွေကို သူပဲရေးသား ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီလို အက်ရှင်ဇာတ်လမ်းပိုင်းမှာတော့ ဆရာတစ်ဆူလို့ပြောလို့ရတဲ့ ဆရာသမားရဲ့ကားဆိုတော့ တကယ့်ကို အက်ရှင်ဇာတ်ကြမ်းအလန်းကားကြီးပေါ့။ သာမန်အ​ပေအ​တေဘဝက​နေ ​ထောင်ထဲပို့ခံရ​ပေမယ့် ​ထောင်ထဲမ​ရောက်ပဲ ​အေးဂျင့်အဖြစ် သင်တန်း​ပေးခံရတဲ့ နီကီတာ တစ်​ယောက် ​အေးဂျင့်ဖြစ်ပြီး​နောက်ပိုင်း မစ်ရှင်​တွေကို ဘယ်လိုဖြတ်​ကျော်ခဲ့ရလဲ... တစ်​ဖက်မှာလည်း သူ့ဘဝ​လောက်ချစ်ရတဲ့သူကို​တွေ့​ပေမဲ့ သူ့ရဲ့အလုပ်​ကြောင့် သူတို့နှစ်​ယောက်ရဲ့ အချစ်​ရေးမှာ​ရော ဘယ်လို​အခက်အခဲ​တွေ​တွေ့ခဲ့ရလဲဆိုတာကို အက်ရှင်ရိုမန့်အကြမ်းအလန်းတွေနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 57Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

ဇာတ်လမ်းအကြောင်း