ဇာတ်ကားများ ရွေးရန်

Joyland

2022ဇာတ်ကားအမှတ် 7.9/10127 မိနစ်

မိသားစုထဲမှာ ကိုယ့်နေရာကိုယ် မရသလိုဖြစ်နေတဲ့ အငယ်ဆုံးသားကို ဗဟိုထားပြီး Joyland ရဲ့ဇာတ်လမ်းကို ပြထားပါတယ်။ သူနဲ့အတူ သူ့ဇနီး၊ Queer တစ်ဦးဖြစ်တဲ့ သူ့အလုပ်ရှင်တို့ရဲ့ အခြေအနေတွေကိုလည်း တွဲမြင်ရတယ်။ သူတို့အကြောင်းကနေ ပါကစ္စတန်က အမျိုးသမီးအခွင့်အရေးနဲ့ LGBTQ+ အသိုင်းအဝိုင်းအပေါ် ပတ်ဝန်းကျင်ရဲ့သဘောထားတွေကို ဖော်ပြထားပါတယ်။ ဒါဟာ ပါကစ္စတန်ဒါရိုက်တာ Saim Sadiq ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီး အမျိုးသမီးအခွင့်အရေးနဲ့ Queer အကြောင်းအရာတွေကို အသားပေးထားတာပါ။ Sadiq ရဲ့ပြောပြချက်အရ သူငယ်ငယ်က နေထိုင်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့ မဝေးတဲ့နေရာမှာရှိတဲ့ Transgender အသိုင်းအဝိုင်းကို သိကျွမ်းခဲ့ရာက ဒီရုပ်ရှင်အတွက် အကြောင်းအရာရလာခဲ့တယ်လို့ ဆိုပါတယ်။ Joyland ဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးပွဲဦးထွက်ပြသခွင့်ရပြီး ဆုလည်းရခဲ့တဲ့ ပါကစ္စတန်ရုပ်ရှင်ပါ။ ပြသချိန်မှာ မတ်တပ်ရပ်လက်ခုပ်တီး အားပေးခံခဲ့ရသလို ဒိုင်ဆုတွေနဲ့ အကောင်းဆုံး LGBTQ+ ရုပ်ရှင်အတွက် Queer Palm ဆုကိုလည်း ရရှိခဲ့ပါတယ်။ ပါကစ္စတန်မှာ နိုဝင်ဘာလမှ ရုံတင်ခဲ့ပေမယ့် အော်စကာပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြုအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီဇင်ဘာ ၂၁ ရက်မှာ နိုင်ငံတကာရုပ်ရှင်ဆုရဲ့ ပဏာမစာရင်းဝင်တဲ့ ပထမဆုံး ပါကစ္စတန်ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း