ဇာတ်ကားများ ရွေးရန်

The Boy, the Mole, the Fox and the Horse

2022ဇာတ်ကားအမှတ် 8.4/1034 မိနစ်

လမ်းပျောက်နေတဲ့ ကောင်လေးတစ်ယောက်ဟာ ကိတ်မုန့်ကြိုက်တဲ့ ပွေးတစ်ကောင်နဲ့ ဆုံမိပါတယ်။ အဲဒီနောက် စကားနည်းတဲ့ မြေခွေးတစ်ကောင်၊ ဆွတ်ဆွတ်ဖြူတဲ့ မြင်းတစ်ကောင်တို့နဲ့ပါ တွေ့ဆုံကြပြီး ကောင်လေးလိုချင်တဲ့ အိမ်ကို အတူလိုက်ရှာပေးကြတယ်။ ဇာတ်ကောင်လေးယောက်နဲ့ ပြောပြထားတဲ့ ၃၄ မိနစ်ကြာ မိသားစုကြည့် ကာတွန်းဇာတ်လမ်းတိုလေးပါ။ သူတို့ရဲ့စကားဝိုင်းထဲမှာ “မင်းပြောဖူးသမျှထဲ အရဲရင့်ဆုံးစကားက ဘာလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေက “ကူညီပါ” တဲ့။ ကိုယ်တစ်ယောက်တည်း မလုပ်နိုင်တဲ့အခါ အကူအညီတောင်းတာဟာ အရှုံးပေးတာမဟုတ်ဘူးဆိုတဲ့ အတွေးကို ဒီစကားလေးကနေ ပြောထားပါတယ်။ ရှက်စိတ်၊ မာနတွေနဲ့ အကူအညီမတောင်းဘဲ ပေတေနေမိတာကိုလည်း ပြန်တွေးမိစေတယ်။ လမ်းပျောက်တယ်ဆိုတာ ထိုင်နေမိလို့ပဲ ဖြစ်တာမဟုတ်ပါဘူး။ မရပ်မနား ရှေ့ဆက်ကြိုးစားနေရင်းနဲ့လည်း လမ်းပျောက်နိုင်တယ်။ ကိုယ်လမ်းပျောက်နေမှန်း ကိုယ်သိဖို့ဆိုတဲ့ အတွေးကိုလည်း ကောင်လေးနဲ့ အဖော်သုံးယောက်ရဲ့ အိမ်ရှာခရီးနဲ့အတူ တွေးကြည့်နိုင်ပါတယ်။

ဇာတ်လမ်းအကြောင်း