Peter von Kant
ပီတာဗွန်ကန့်ဟာ ထိပ်တန်းရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ သူ့မိတ်ဆွေ နာမည်ကြီးမင်းသမီး ဆီဒိုနီက မိတ်ဆက်ပေးရာကနေ အမီရ်ဘန်ဆလမ်ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ သိကျွမ်းပြီး ချစ်မိသွားပါတယ်။ အဲဒီအချစ်စိတ်နဲ့ပဲ အမီရ်ကို မင်းသားအဖြစ် စင်တင်ပေးပြီး လိုအပ်သမျှ ထောက်ပံ့ပေးခဲ့တယ်။ အမီရ် အောင်မြင်လာတဲ့အခါမှာတော့ ပီတာ့အပေါ် ကျေးဇူးမသိတတ်သလို ဆက်ဆံလာပါတယ်။ ပီတာဘက်ကလည်း ချစ်လို့ပေးဆပ်ထားသလောက် ပြန်မရတဲ့အခါ နှစ်ယောက်ကြား ကတောက်ကဆတွေ စဖြစ်လာတယ်။ အချစ်နဲ့အတူ ပါလာတဲ့ စွဲလမ်းမှု၊ ပေးဆပ်မှုနဲ့ မျှော်လင့်ချက်တွေကြောင့် လူတစ်ယောက် ဘယ်လိုဒုက္ခရောက်နိုင်သလဲဆိုတာကို ပြောပြထားတဲ့ ပြင်သစ်အချစ်ဒရာမာပါ။ ပီတာရဲ့ မျှော်လင့်ချက်ကနေ ဆိုးရွားတဲ့အကျိုးဆက်တွေ ဆက်ဖြစ်လာပါတော့တယ်။
ဇာတ်လမ်းအကြောင်း