ဇာတ်ကားများ ရွေးရန်

Legion of Super-Heroes

2023ဇာတ်ကားအမှတ် 6.5/1084 မိနစ်

ကာရာဇောအဲလ်လို့ခေါ်တဲ့ စူပါဂဲလ်ဟာ ခရစ်ပတွန်ဂြိုဟ် ပျက်စီးသွားပြီးနောက် ကမ္ဘာဂြိုဟ်ဆီ ရောက်လာပါတယ်။ ဒါပေမယ့် အိမ်အသစ်၊ ဂြိုဟ်အသစ်မှာ အသားမကျနိုင်သေးဘဲ မိခင်နဲ့ မွေးရပ်ဂြိုဟ်ကို လွမ်းနေတာကြောင့် မပျော်ရွှင်နိုင်ဘူး။ သူ့စွမ်းအားတွေကိုလည်း ကောင်းကောင်းမထိန်းနိုင်သေးတော့ ကမ္ဘာသားတွေရဲ့ အိုးအိမ်တွေ ပျက်စီးကုန်ပြီး သူ့ကို မကြည်ဖြူသူတွေ ရှိလာတယ်။ ဒါကြောင့် ကမ္ဘာကနေ ထွက်သွားဖို့တောင် စဉ်းစားနေပါတယ်။ အဲဒီအချိန်မှာ ဝမ်းကွဲအစ်ကို စူပါမန်းက သူ့ကို အချိန်စက်လုံးနဲ့ ၃၁ ရာစုက ကမ္ဘာဂြိုဟ်ဆီ ခေါ်သွားတယ်။ လီဂျင်တပ်လို့ခေါ်တဲ့ စူပါဟီးရိုးအဖွဲ့အစည်းရဲ့ အကယ်ဒမီမှာ စွမ်းအားတွေကို ထိန်းချုပ်တတ်လာအောင် လေ့ကျင့်ဖို့ပါ။ အဲဒီမှာ သူနဲ့ရွယ်တူ လူငယ်ဟီးရိုးတွေကို တွေ့ရပြီး အဆင်ပြေမယ်ကြံကာမှ ပြဿနာအသစ်တစ်ခု ပေါ်လာပါတယ်။ သူတို့ရဲ့အစွမ်းနဲ့ မမျှလောက်အောင် ဉာဏ်များတဲ့ ဗီလိန်အဖွဲ့တစ်ဖွဲ့က လီဂျင်တပ်ဆီက ပစ္စည်းတစ်ခုကို ခိုးယူပြီး ဆိုးဝါးတဲ့အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်လာတယ်။ စူပါဂဲလ်နဲ့ လူငယ်ဟီးရိုးတစ်သိုက်လည်း အဲဒီအဖွဲ့ကို တားဆီးဖို့ ကြိုးစားကြရပါတော့တယ်။

ဇာတ်လမ်းအကြောင်း