ဇာတ်ကားများ ရွေးရန်

Hell on the Border

2019ဇာတ်ကားအမှတ် 5.6/10110 မိနစ်

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းမှာ ပထမဆုံး လူမည်းမာရှယ်ဖြစ်လာတဲ့ ဘက်စ်ရိဗ့်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ မာရှယ်တစ်ယောက်ရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်နေတဲ့ ဘက်စ်ဟာ တစ်နေ့မှာ တရားသူကြီးကို လုပ်ကြံဖို့ ကြိုးစားနေသူတွေလက်ကနေ ကယ်တင်လိုက်တယ်။ အဲဒီနောက် သူ့ကို ရာထူးတိုးပေးဖို့ အကြောင်းပေါ်လာပေမယ့် လူမျိုးရေးခွဲခြားမှုတွေ ရှိနေတဲ့ခေတ်မို့ ဝိုင်းကန့်ကွက်ကြပါတယ်။ ရာထူးတိုးပေးရေးအတွက် ငြင်းခုံနေတုန်း နာမည်ကျော်လူဆိုးကြီးတစ်ယောက်ဆီက အသိပေးချက် ရောက်လာတယ်။ ဘက်စ်ကလည်း သူဟာ ဒီရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း သက်သေပြဖို့ လူဆိုးကို ဖမ်းဆီးမယ့်ခရီး စထွက်ပါတော့တယ်။ တရားစီရင်ဖို့ စောင့်နေတဲ့ အကျဉ်းသားတစ်ယောက်က ပြစ်ဒဏ်ကင်းလွတ်ခွင့်ရဖို့ အပေးအယူလုပ်ပြီး သူနဲ့အတူ လိုက်လာတယ်။ နှစ်ယောက်သား လူဆိုးကြီးကို ဖမ်းဖို့သွားရင်း လမ်းတစ်လျှောက် အခက်အခဲတွေနဲ့ စွန့်စားခန်းတွေကို ရင်ဆိုင်ကြရပါတယ်။

ဇာတ်လမ်းအကြောင်း