Heavenly Forest
မာကိုတိုဟာ အနေအေးပြီး ရှက်တတ်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။ ဓာတ်ပုံရိုက်ဝါသနာပါတဲ့ သူဟာ ပထမနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာ တစ်ယောက်တည်း နေခဲ့ရတယ်။ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးနဲ့ အမှတ်မထင် ဆုံမိပြီး သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။ သိပ်မကြာခင် မာကိုတိုဟာ ကျောင်းအလှပဂေး မိယုကိတို့ သူငယ်ချင်းအုပ်စုထဲ ရောက်သွားပြီး မိယုကိကို တိတ်တိတ်လေး သဘောကျမိလာတယ်။ အဲဒီကနေ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း စတင်လာပါတယ်။ တက္ကသိုလ်ကျောင်းသားဘဝကို သူတို့ ဘယ်လိုအတူဖြတ်သန်းကြမလဲ၊ ဘယ်သူ့အချစ်ကို ဘယ်သူက လက်ခံဖြစ်မလဲဆိုတာကို ဆက်ပြောပြထားတာပါ။ စာရေးဆရာ Takuji Ichikawa ရဲ့ Collage of Our Life - Another Story ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်အချစ်ဒရာမာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း