ဇာတ်ကားများ ရွေးရန်

Hamburger Hill

1987ဇာတ်ကားအမှတ် 6.6/10110 မိနစ်

ဒီဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စစ်ကားတစ်ကားပါ။ ၁၉၆၉ ခုနှစ်က အမေရိကန်နဲ့ ဗီယက်နမ် အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ပွဲအကြောင်းပါ။ Hamburger Hill ဆိုတာကတော့ ရှော တောင်ကြားမှာ ရှိတဲ့ တောင်ကုန်းအမှတ် ၉၃၇ ကို နာမည်ပေးထားတာပါ။ ရန်သူတွေရဲ့ကျည်ဆံကြားမှာ သွေးမြေကျခဲ့ရတဲ့ စစ်သားတွေဟာ ဟမ်ဘာဂါထဲထည့်တဲ့ အသားတွေလို နုပ်နုပ်စဉ်းခံခဲ့ရတာမို့ ဟမ်ဘာဂါ တောင်ကုန်း ရယ်လို့ အမည်တွင်ခဲ့ရပါတယ်။ ဒီ ဟမ်ဘာဂါတောင်ကုန်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ မေလ ၁၁ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကြာခဲ့ပါတယ်။ နှစ်ဖက်စလုံးလည်း တော်တော်အထိနာခဲ့တဲ့ စစ်ပွဲပါ။ အမေရိကန်-ဗီယက်နမ် တိုက်ပွဲတွေထဲမှာ အဆိုးရွားဆုံးတိုက်ပွဲတစ်ပွဲပါပဲ၊ ဒါကြောင့်လည်း ဒီဇာတ်လမ်း ၁၉၈၀ ခုနှစ်အတွင်း ထွက်ခဲ့တဲ့ စစ်ကားတွေထဲက Platoon တို့ Full Metal Jacket တို့လိုမျိုး အောင်မြင်တဲ့ စစ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ဟမ်ဘာဂါတောင်ကုန်းကို အပိုင်သိမ်းနိုင်ဖို့ ကြိုးစားတိုက်ခိုက်ခဲ့ရတဲ့ စစ်သား ၁၄ ယောက်ရဲ့အကြောင်းကို သေချာမြင်ရပါ့မယ်။ ဒါရိုက်တာ John Irvin ရဲ့ လက်ရာမွန်တွေထဲက တစ်ခုပါ။ စစ်ကား ကောင်းကောင်း ကြည့်လိုသူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဇတ်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Myo Nyunt ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း