ဇာတ်ကားများ ရွေးရန်

Leaving Las Vegas

1995ဇာတ်ကားအမှတ် 7.3/10111 မိနစ်

Palatonic Love လို့ခေါ်တယ် စိတ်ကူးယဉ်ဆန်ဆန် ပေးဆပ်ခြင်းရရယူခြင်းဘာမှမရှိတဲ့ အချစ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။ ဘာအကြောင်းကြောင့်လဲ သေချာပြမထားဘဲ ဘန်ဆိုတဲ့ ဟောလိဝုဒ်က နာမည်ကြီး ဇာတ်ညွှန်းရေးဆရာတစ်ယောက် အရက်အလွန်အကျွံသောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားနေတဲ့ နေရာကစပြထားပါတယ်။ သူက ပေါက်ကွဲဖို့ စိုင်းပြင်းနေတဲ့ ဗုံးတစ်လုံးလိုပါပဲ။ သောက်တယ် သောက်တယ် သောက်တယ်။ တခြားဘာမှသူ့အတွက် အရေးမပါတော့ဘူးလို့ ထင်နေချိန်မှာ ပြည့်တန်ဆာမလေး ဆယ်ရာ နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့ချစ်မိခဲ့ကြပါတယ်။ အခြေအနေတွေ အချိန်အခါတွေ ပေးဆပ်ခြင်း ရယူခြင်း ဘာမှမပါပဲ အချစ်သက်သက်နဲ့ချစ်ခဲ့ကြပါတယ်။သေတော့မယ့်အရက်သမားတစ်ယောက်နဲ့ ကိုယ့်ခန္ဓာကိုယ် ကို ရောင်းစားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လွမ်းစရာ ကြည်နူးစရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ငိုချင်သပ ငိုမရဖြစ်နေသူများ ကြည့်ကြပါဗျာ။ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7.5 ရှိပါတယ်။ ငိုချင်အောင် ရိုက်တတ်တဲ့ Director Michael Figgis ကရိုက်ကူးထားပြီး မင်းသားကြီး Nicolas Cage နဲ့ မင်းသမီးချော Elisabeth Shue တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အကယ်ဒမီဆုမှာ အကောင်းဆုံးမင်းသားဆုအပါအဝင် တခြားဆု ခြောက်ခုကိုလည်းရယူနိုင်ခဲ့ပြီး ဆုဆန်ကာတင်စာရင်းမှာလည်း အများကြီးပါဝင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းက ပွင့်ပွင့်လင်းလင်း ရိုက်ပြပြောပြထားတာမို့ မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားမျိုးပါ။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 920 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__7.5/10 Format__mp4 Duration__01:51:25 Type__Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by d3mon Encoded by Naing Aung Latt

ဇာတ်လမ်းအကြောင်း