ဇာတ်ကားများ ရွေးရန်

Monsterz

2014ဇာတ်ကားအမှတ် 5.4/1090 မိနစ်

2014 ကထွက်ရှိထားတဲ့ ဂျပန်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက Drama နဲ့ Sci fi ကားလေးဖြစ်ပြီး Death Note ဇာတ်ကားနဲ့နာမည်ကြီးလာပြီး မြန်မာပရိတ်သတ်တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်ဆုယာ က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်ဝင်ငွေစံချိန်တွေချိုးထားပါသေးတယ် မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။ အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။ တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်.... နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့..... Qty - 720p HDTV Duration - 1hr 45min Gern - Drama / Sci - Fi Subtitle - Myanmar Translator - Ken Encoder - Kyaw Ye Aung

ဇာတ်လမ်းအကြောင်း