Hidalgo
၂၀၀၄ ခုနှစ်ထွက် စွန့်စားခန်းဇာတ်ကား Hidalgo မှာ အမေရိကန်မြင်းစီးသမား Frank Hopkins နဲ့ သူ့မြင်းတို့ဟာ Buffalo Bill ရဲ့ Wild West show မှာ ပါဝင်နေကြပါတယ်။ Frank ကို အကြမ်းခံနိုင်ဆုံး မြင်းစီးသမားအဖြစ် မိတ်ဆက်ထားတာကိုတော့ အာရပ်ရှိတ်မိသားစုက သဘောမကျပါဘူး။ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းဟာ သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆထားကြလို့ပါ။ ဒါကြောင့် Frank ကို “မီးပင်လယ်” လို့ခေါ်တဲ့ မြင်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဖိတ်ခေါ်လိုက်ကြတယ်။ အနိုင်ရသူက အမေရိကန်ဒေါ်လာ တစ်သိန်းရမှာဖြစ်လို့ ပိုကောင်းတဲ့အနာဂတ်ကို မျှော်လင့်နေတဲ့ Frank အတွက် ပြိုင်ပွဲဝင်ဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက သဲကန္တာရထဲမှာ မိုင်သုံးထောင် သွားရမယ့်ခရီးပါ။ သဲမုန်တိုင်း၊ ရေငတ်တဲ့ဒဏ်နဲ့ သဲဝဲတွေကို ရင်ဆိုင်ရမှာဖြစ်သလို ပြိုင်ပွဲဝင်အချင်းချင်း ကောက်ကျစ်နှောင့်ယှက်တာတွေကိုလည်း ကြုံရနိုင်ပါတယ်။ ပြိုင်ပွဲကျင်းပရာကို ရောက်ရောက်ချင်းမှာပဲ Frank ဟာ အထင်သေးလှောင်ပြောင်တာတွေ ခံရတယ်။ အမေရိကန်တစ်ယောက်က ရောင်စပ်မြင်းနဲ့ လာပြိုင်တယ်ဆိုပြီး သူတို့က အထင်မကြီးကြပါဘူး။ Frank နဲ့ သူ့မြင်းတို့ အာရေးဘီးယန်းတွေရဲ့ အကောင်းဆုံးမြင်းတွေကို ကျော်နိုင်မလား၊ လမ်းတစ်လျှောက် ပြိုင်ဘက်တွေရဲ့ ဘယ်လိုနှောင့်ယှက်မှုတွေ ကြုံရမလဲ၊ ဆုကြေးကိုရော ရယူနိုင်ပါ့မလားဆိုတာ ပြိုင်ပွဲထဲမှာ အဖြေရှာရတော့မှာပါ။
ဇာတ်လမ်းအကြောင်း