ဇာတ်ကားများ ရွေးရန်

Protégé

2007ဇာတ်ကားအမှတ် 6.8/10106 မိနစ်

ရေနံ နှင့် စစ်လက်နက်ပြီးရင် ဘိန်းဖြူက ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်သွယ်ရေးပဲ ။ ကမ္ဘာပေါ်မှာ ဘိန်းစိုက် ဒေသကို သုံးနေရာ ခွဲထားတယ် ။ ရွှေတြိဂံ ၊ ရွှေလခြမ်း နဲ့ တောင်အာဖရိကတို့ပဲဖြစ်တယ် ။ ရွှေလခြမ်းဒေသဆိုတာ အာဖဂန်နစ္စတန် ၊ ပါကစ္စတန် ၊ အီရန် နယ်စပ်ပဲဖြစ်တယ် ။ ရွှေလခြမ်း ဒေသက ဘိန်းဖြူတွေကို ဥရောပကို ပို့တယ် ။ တောင်အာဖရီက က ဘိန်းဖြူတွေကိုတော့ အမေရီကန်နဲ့ ကနေဒါကို ပို့ကြတယ် ။ ရွှေတြိဂံက ထွက်တဲ့ ဘိန်းဖြူကတော့ အာရှကို ဖြန့်တယ် ။ ဒါက ဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ပေါ့ဗျာ ။ ဒီရုပ်ရှင်မှာ ကျွန်တော်တို့နဲ့ သိပ်မစိမ်းတဲ့ နာမည်ကြီး မင်းသားများဖြစ်သော Andy Lau က ဟောင်ကောင် ဘိန်းရာဇာအဖြစ် သရုပ်ဆောင်ပြီး Daniel Wu ကတော့ ရဲသူလျှို အဖြစ် သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်း အကျဉ်းကတော့ ဘိန်းရာဇာတွေကြားထဲမှာ ရောက်နေတဲ့ ရဲသူလျှိုတစ်ယောက်ရဲ့ စုံစမ်းမှု နဲ့ တာဝန်ဝတ္တရားတွေ တစ်ဘက် ၊ ညီအကိုလို သံယောဇဉ်က တစ်ဘက် ၊ သနားကြင်နာတတ်တဲ့ နှလုံးသားက တစ်ဘက် နဲ့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့ အနေအထားကနေ မူးယစ်ရာဇာကိုပဲ ဥပဒေလက် အပ်နိုင်မလား ၊ သူကိုယ်တိုင်က မူးယစ်ရာဇာ ဖြစ်သွားမလား ဆိုတာတော့ ခင်ဗျားတို့ ကိုယ်တိုင်ပဲ ဒေါင်းယူ ကြည့်ရှူ့လိုက်ပါတော့ဗျာ .............. (Review,Fixed & Synced by Wai Linn Kyaw) File Size : 850 MB / 350 MB Quality : Bluray 720P Running Time : 1hr 46minutes Format : Mp4 Genre : Crime, Drama, Thriller Fixed & Synced by Wai Linn Kyaw Encoder :Thanhtike Zaw

ဇာတ်လမ်းအကြောင်း