ဇာတ်ကားများ ရွေးရန်

Cold War II

2016ဇာတ်ကားအမှတ် 6.3/10110 မိနစ်

Cold War 2 ဇာတ်ကားဟာ ပထမ 2012 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cold War 1 ရဲ့အပြီးကာလကို ဆက်လက်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီကားလေးထဲမှာဆိုရင် ဟောင်ကောင်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Eddie Peng၊Charlie Yeung၊Janice Man၊Aarif Rahman တို ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးမင်းသားကြီး Chow Yun-fat ကလည်း အရေးပါတဲ့ နိုင်ငံရေးနဲ့ ဥပဒေရေးရာဇာတ်ကောင်အဖြစ်ပါဝင်ထားပါသေးတယ် လျိုကျယ်ဟွေးက ဟောင်ကောင်ရဲချုပ်အသစ်ဖြစ်လာပြီး ရဲတပ်ဖွဲ့အတွင်း အာဏာ နိုင်ငံရေးနဲ့ အကျင့်ပျက်ခြစားမှုတွေကို ကိုင်တွယ်နေရတဲ့အချိန်မှာ ပြဿနာအသစ်တစ်ခု ထပ်ပေါ်လာပါတယ် လီဝမ်ပင်းရဲ့သား လီကျားကျွင့်ကို အကျဉ်းထောင်ကနေ လွှတ်ပေးဖို့ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က လျိုကျယ်ဟွေးရဲ့ ဇနီးကို ပြန်ပေးဆွဲပြီး ဖိအားပေးလာပါတယ်…ရဲချုပ်တစ်ယောက်အနေနဲ့ ဥပဒေကို ကာကွယ်ရမလား မိသားစုကို ကယ်တင်ရမလားဆိုတဲ့ အခက်အခဲကြားမှာ လျိုကျယ်ဟွေး တဖြည်းဖြည်း ဖိစီးလာရပါတယ် ဒီအမှုနောက်ကွယ်မှာ ရဲတပ်ဖွဲ့အတွင်းက အာဏာကြီးသူတွေ နိုင်ငံရေးသမားတွေနဲ့ လျှို့ဝှက်ကြိုးကိုင်သူတွေ ပါဝင်နေကြောင်း တဖြည်းဖြည်း ဖော်ထုတ်လာနိုင်ပြီး အခြေအနေက ရိုးရိုးပြန်ပေးဆွဲမှုထက် ပိုကြီးမားတဲ့ နိုင်ငံရေးပဋိပက္ခတစ်ခုဖြစ်လာတဲ့အခါအရင်က ပြိုင်ဘက်ဖြစ်ခဲ့တဲ့ လီဝမ်ပင်းကလည်း သူ့သားကို တရားမျှတစွာ စီရင်စေချင်ပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ စိတ်ထဲမှာ မပြတ်သားနိုင်တဲ့အခြေအနေကို ကြုံတွေ့ရပါတယ်ဇာတ်လမ်းတစ်လျှောက် ရဲတပ်ဖွဲ့အတွင်း ယုံကြည်မှု သစ္စာဖောက်မှု အာဏာလုမှုနဲ့ တရားမျှတမှုတို့ကို တင်ဆက်ထားပြီး ဘယ်သူက မိတ်ဆွေ ဘယ်သူက ရန်သူဆိုတာ ခွဲမရတဲ့အထိ လှည့်ကွက်တွေ များလာပါတယ် အဆုံးမှာတော့ အမှုတစ်ခုတည်း မဟုတ်ဘဲ ပိုကြီးမားတဲ့ လှုပ်ရှားမှုတွေ နောက်ကွယ်မှာ ရှိနေကြောင်း ပိုပြီး သိသာလာပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုတွေက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ အာဏာ မိသားစုနဲ့ သစ္စာတရားကြားမှာ ဘယ်သူက ဘာကို ရွေးမလဲ နောက်ဆုံး ဘယ်သူရပ်တည်နိုင်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါဦးနော် Filesize : 2.17 GB / 955 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action, Thriller, and Crime Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း