ဇာတ်ကားများ ရွေးရန်

Guru

2007ဇာတ်ကားအမှတ် 6.8/10166 မိနစ်

ဂုရုကန့်ဒေဆိုင်းဟာ ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ကြိုးစားလာသူပါ။ အိမ်ထောင်ပြုရာက ရလာတဲ့ တင်တောင်းငွေကို မတည်ငွေအဖြစ်သုံးပြီး လုပ်ငန်းစခဲ့တယ်။ ဒီဇာတ်ကားကတော့ သူ့ရဲ့လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက် ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့ပုံကို ရိုက်ကူးထားတာပါ။ စီးပွားရေးလောကမှာ နေရာရပြီးသား လူကြီးတွေရဲ့အတ္တကို ဖြိုဖျက်ရင်း ဂုရုက ကိုယ့်နေရာကိုယ် ရယူလာတယ်။ သူများထက် နှာတစ်ဖျားသာချင်တဲ့စိတ်နဲ့ ကြိုးစားရင်း လူတွေအပေါ် ဩဇာလွှမ်းမိုးလာပုံကိုလည်း ဆက်ပြထားပါတယ်။ “ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ” ဆိုတာက သူလက်ကိုင်ထားတဲ့ စကားပါ။ အဘီရှိခ်ဘဂျမ်း၊ ရန်ဂါနာဒန်မာဒဗန်၊ မီထွန်းချက်ကရဗာတီ၊ အရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကြောင်း