ဇာတ်ကားများ ရွေးရန်

Lords of Dogtown

2005ဇာတ်ကားအမှတ် 7.1/10107 မိနစ်

ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ တိုနီ၊ ဂျေးနဲ့ စတေဆီတို့ သူငယ်ချင်းသုံးယောက်ဟာ ရေလွှာစီးလိုက်၊ စကိတ်စီးလိုက်နဲ့ ဆယ်ကျော်သက်ဘဝကို ပျော်ပျော်ဖြတ်သန်းနေကြပါတယ်။ စကိတ်ကို ရူးရူးမူးမူးစွဲလမ်းကြတဲ့ သူတို့အတွက် စီးနေရဖို့က အရေးအကြီးဆုံးဖြစ်ပြီး သူများခြံထဲ ခိုးဝင်စီးကြတာမျိုးတောင် ရှိပါတယ်။ စကိတ်စီးတာ ခေတ်စားလာတော့ စီးပွားရေးသမားတွေက ဒီကောင်လေးတွေရဲ့အစွမ်းကို အသုံးချပြီး ငွေရှာဖို့ ကြံလာကြတယ်။ သူတို့ကိုယ်တိုင်လည်း စကိတ်စီးနေရရင် ကျေနပ်နေတဲ့အရွယ်ကနေ ငွေရေးကြေးရေးနဲ့ အချစ်ရေးတွေကိုပါ စိတ်နှစ်လာရတဲ့အရွယ် ရောက်လာကြပါတယ်။ အဲဒီအပြောင်းအလဲတွေကြားမှာ သူငယ်ချင်းအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ရှိလာသလို မိသားစုလို တွယ်တာကြတဲ့ သံယောဇဉ်တွေလည်း ရှိနေတယ်။ Heath Ledger ပါဝင်သရုပ်ဆောင်ထားပြီး စကိတ်ဝါသနာတူ သူငယ်ချင်းသုံးယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း