ဇာတ်ကားများ ရွေးရန်

Integrity

2019ဇာတ်ကားအမှတ် 5.3/10114 မိနစ်

ဟောင်ကောင် ICAC ရဲ့ ငွေမည်းလိုက်ပြီး လာဘ်စားမှုတွေ ဖော်ထုတ်တဲ့ ဇာတ်ကားကောင်းလေး မိတ်ဆက်ပေးလိုက်တယ်။ စာရင်းကိုင်နဲ့ သူဌေးပူးပေါင်းပြီး စတော့ငွေတွေကို ကျားကစားသလို အကွက်ရွေ့သွားတဲ့အမှုကို အခြေခံထားတဲ့ ဇာတ်လမ်းလေးနော်။ ရင်းနှီးမြှုပ်နှံသူတွေခေါ်ပြီး စတော့ဈေးကွက်မှာ ဈေးအပြောင်းအလဲများတဲ့ လီတကုန်သွယ်ရေးလုပ်ငန်း... ဒီဈေးပြောင်းလဲနေတာက သဘောရိုးဟုတ်ရဲ့လား နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူရှိလား ရှိတယ်ဆိုရင်ရော ဘယ်သူဖြစ်မလဲ ဒီအမှုကို ICAC က လိုက်ဖို့အတွက် တိုင်ခဲ့တဲ့ စာရင်းကိုင်ရဲ့ သရုပ်မှန်ကရော ဘာလဲ သူကရော ဘာလို့ တရားစီရင်မယ့်နေ့မှ ထွက်ပြေးရတာလဲ တွေးစရာတွေအများကြီးပြည့်နက်နေတဲ့ ဇာတ်ကားပါ မင်းသားတွေ ရုပ်ဆိုးတယ်ဆိုပြီး ကျော်မသွားနဲ့. မင်းသားတွေ ရုပ်ဆိုး ရုပ်ချောတောင် မသိလိုက်ရအောင်ကို ဇာတ်လမ်းအချိုးအကွေ့တွေ အချိတ်အဆက်တွေ များလွန်းလို့ မနည်းလိုက်နေရမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ ဇာတ်ကားကောင်းကိုမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေ လက်မလွှတ်သင့်ပါဘူး This Movie Brought To You By Channel Myanmar Translated & Review By Chu Chu Encoder : LK

ဇာတ်လမ်းအကြောင်း