The Secret in Their Eyes
အငြိမ်းစား ဥပဒေအတိုင်ပင်ခံတစ်ယောက်ဟာ အနားယူချိန်မှာ ဝတ္ထုတစ်ပုဒ်ရေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ စာရေးဖို့ စဉ်းစားလိုက်တိုင်း လွန်ခဲ့တဲ့ ၂၅ နှစ်က ကိုင်တွယ်ခဲ့ရတဲ့ အမှုတစ်ခုဆီပဲ စိတ်က ပြန်ရောက်သွားတယ်။ အဲဒီအမှုအကြောင်းကို ဝတ္ထုရေးဖို့ ဆုံးဖြတ်ပြီး အခု တရားသူကြီးဖြစ်နေပြီဖြစ်တဲ့ အထက်အရာရှိဟောင်းဆီ အကြံသွားတောင်းပါတယ်။ သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်ရှိခဲ့ပေမဲ့ အခြေအနေချင်း ကွာခြားတာကြောင့် ရှေ့ဆက်မတိုးဖြစ်ခဲ့ကြဘူး။ ပြန်ဆုံကြချိန်မှာတော့ မေ့ပစ်လို့မရတဲ့ အမှတ်တရဟောင်းတွေပါ ပြန်ပေါ်လာပါတယ်။ အဲဒီအမှုက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ ဘဏ်စာရေးနဲ့ ကျောင်းဆရာမ လင်မယားဆီက စခဲ့တာပါ။ ဆရာမကို လူတစ်ယောက်က မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တယ်။ အမှုကို တာဝန်ယူရမယ့်အလှည့် မဟုတ်ပေမဲ့ ယူလိုက်မိတဲ့ ဥပဒေအတိုင်ပင်ခံဟာ အရက်သောက်တတ်တဲ့ သူငယ်ချင်းနဲ့အတူ စုံစမ်းဖို့ ဖြစ်လာပါတယ်။ တရားခံဘယ်သူလဲဆိုတာ သိနေပေမဲ့ လူကိုရှာတွေ့ဖို့က မလွယ်ပါဘူး။ တရားခံကို ဘယ်လိုရှာကြမလဲ၊ ရှာတွေ့ရင်ရော ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ အမှုကိစ္စနဲ့အတူ အတိုင်ပင်ခံနဲ့ ရှေ့နေမလေးတို့ရဲ့ ဆက်ဆံရေးကိုလည်း ဆက်ပြထားပါတယ်။ ဇနီးကို ဆုံးရှုံးလိုက်ရတဲ့ ဘဏ်စာရေးကရော လွမ်းဆွတ်စိတ်တွေနဲ့ ဘယ်လိုဆက်ရှင်သန်သွားမလဲဆိုတာ ပါဝင်နေတယ်။ စပိန်ဘာသာစကားပြော အာဂျင်တီးနားရုပ်ရှင်ဖြစ်ပြီး ၂၀၁၀ အော်စကာပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း