ဇာတ်ကားများ ရွေးရန်

On the Road

2012ဇာတ်ကားအမှတ် 5.6/10137 မိနစ်

လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက်ဟာ အဖေဆုံးသွားပြီးနောက် စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေပါတယ်။ အဲဒီအချိန်မှာ ဒင်းနဲ့ တွေ့ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ ဒင်းက မူးယစ်ဆေးသုံးတယ်၊ မိန်းမလိုက်စားတယ်၊ အရှုပ်အထွေးတွေလည်း လုပ်တတ်သူပါ။ ဆယ်နဲ့ ဒင်းတို့ဟာ အမေရိကတစ်ခွင်က လမ်းမတွေပေါ် ခရီးထွက်ပြီး ပျော်စရာတွေ လိုက်ရှာကြတယ်။ ခရီးတစ်လျှောက် လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ ဆုံတွေ့ကြရင်း ဘဝအတွေ့အကြုံတွေ ရလာကြပါတယ်။ သူကြုံခဲ့ရတဲ့အကြောင်းတွေနဲ့ ဒင်းရဲ့ဘဝအကြောင်းတွေကို မှတ်တမ်းတင်ထားတဲ့ ဆယ်ရဲ့မှတ်စုစာအုပ်ကနေ “On the Road” ဆိုတဲ့ စာအုပ်တစ်အုပ် ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြထားပါတယ်။ ဒါရိုက်တာ Walter Salles ရိုက်ကူးထားပြီး အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့ နာမည်တူစာအုပ်ကို အခြေခံထားတာပါ။ မူရင်းစာအုပ်မှာ Jack က သူ့ကိုယ်သူ ဆယ်အဖြစ်၊ သူငယ်ချင်းစာရေးဆရာ Allen Ginsberg ကို ကာလိုအဖြစ် ထည့်ရေးထားပြီး သူငယ်ချင်းတွေနဲ့ ခရီးသွားခဲ့ကြတဲ့အကြောင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ အရွယ်ရောက်သူတွေအတွက် ရည်ရွယ်တဲ့ ဇာတ်ဝင်ခန်းနဲ့ စကားပြောတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း