The Past
ဇနီးနဲ့ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ အာမက်ဟာ အီရန်ကနေ ပြင်သစ်ကို ပြန်ရောက်လာပါတယ်။ သံယောဇဉ်ရှိခဲ့တဲ့ ကလေးတွေကို ဝမ်းဝမ်းသာသာ နှုတ်ဆက်ပြီး ပြန်ထွက်ခွာဖို့ စီစဉ်ထားပေမယ့် အိမ်မှာ မမျှော်လင့်ထားတဲ့ အိမ်ထောင်ဦးစီးအသစ်တစ်ယောက်နဲ့ တွေ့လိုက်ရတယ်။ ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှာနေတဲ့ သမီးကြီးကလည်း ဘာတွေ သိထားတာလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ အာမက်က ချစ်ခင်ရတဲ့ကလေးကို စောင့်ရှောက်ပေးရင်း မိသားစုနှစ်စုကြားက သူနဲ့မဆိုင်တဲ့ ပြဿနာတွေထဲ ဝင်ပါမိသွားတယ်။ ဒီပြဿနာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ဇာတ်လမ်းက မိသားစုတွေကြားက အဖြစ်အပျက်တွေကို အေးအေးဆေးဆေး လိုက်ပြထားပြီး လင်မယားကြား၊ အမေနဲ့သမီးကြားက မေတ္တာနဲ့ သံယောဇဉ်တွေကို ဖော်ပြထားပါတယ်။ လူတိုင်း အမှားလုပ်တတ်ကြတဲ့သဘောကိုလည်း လူ့သဘာဝအသေးစိတ်တွေနဲ့ တွဲဖော်ပြထားတဲ့ မိသားစုဒရာမာပါ။
ဇာတ်လမ်းအကြောင်း