ဇာတ်ကားများ ရွေးရန်

District 9

2009ဇာတ်ကားအမှတ် 7.4/10112 မိနစ်4K

District 9 (2009) IMDb Rating (7.9) / Rotten Tomatoes (90%) ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကိုကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်။ အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ။ ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကိုရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကိုဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်။ ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီးtrailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာအချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ လုပ်သားအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင် ဂြိုဟ်သားတွေကတော့ ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ်။ အဲဒီလိုနဲ့ သူတို့ကို ခိုလှုံခွင့် ပြုခဲ့တာ နှစ် ၂၀ ကျော်တောင် ကြာသွားခဲ့တယ်။ သူတို့ရဲ့ အရေအတွက်ကလည်း သန်းကျော်ရှိနေပြီ။ ဒေသခံလူတွေနဲ့လည်း ပရိပက္ခတွေ ဖြစ်တာပေါ့။ ဂြိုလ်သားတွေ ပုံစံကလည်း လူတွေနဲ့ တည့်အောင် မပေါင်းတတ်ကြဘူး။ သူတို့ဖာသာ စားစရာမရှိရင် အမှိုက်ပုံက ရှာစားတယ်။ ကြောင်စာ အရမ်းကြိုက်တယ်။ လူတွေနဲ့ နားလည်အောင်တော့ စကားပြောတတ်တယ်။ ဒါပေမဲ့ သူတို့ကြည့်ရတာ လူ့သဘာဝကို လုံးဝနားမလည်ဘူး။ နောက်ဆုံး လူတွေနားမှာ ထားလို့ မဖြစ်တဲ့အတွက် သူတို့ကို လူတွေနဲ့ ဝေးရာပို့ဖို့ လုပ်ကြရတာပေါ့။ အဲဒါကို MNU ဆိုတဲ့ အဖွဲ့အစည်းက တာဝန်ယူထားတယ်။ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်က Wikus van de Merwe သူက MNU က အရာရှိတစ်ယောက်။ သူက ဂြိုဟ်သားတွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် ပြောင်းရွေ့ကြောင်းသဘောတူလက်မှတ်ထိုးဖို့ တာဝန်ယူရတယ်။ လူကလည်း နည်းနည်း အူကြောင်ကြောင် ပုံစံမျိုး။ အဲလိုနဲ့ စာရင်းလိုက်ကောက်ရင်း ဂြိုဟ်သားမိသားစု တစ်ခုဆီရောက်လာတယ်။ အဲဒီ မိသားစုက ကမ္ဘာက ထွက်သွားနိုင်အောင် ကြံနေတယ်။ အခြား ကောင်တွေထက် ဉာဏ်ရည်မြင့်တယ်လို ပြောရမယ်။ သူတို့က အာကာသယာဉ်ကို အသက်သွင်းဖို့ လောင်စာအရည်တွေကိုနှစ်၂၀လောက် ကြိတ်ပြီးရှာထားတာ။ ဖြစ်ချင်တော့ Wikus အဲဒီ လောင်စာဘူးကို တွေ့သွားတယ်။ သူရဲ့ နမော်နမဲ့နိုင်မှုကြောင့် အဲဒီ အရည်နည်းနည်း မျက်နှာကို ပက်မိသွားတယ်။ အဲမှာဇာတ်လမ်းကစတော့တာပါပဲ။ ဒီဇာတ်ကားကိုဘာကြောင့် ကြည့်သင့်သလဲလူ့စိတ် သဘာဝကို ပါးပါးလေး ထင်ဟပ်တယ်။ အဲဒါက ပရိတ်သက်ကို တိုက်ရိုက်ထိစေတာ။ ကျွန်တော်ကိုယ်တိုင် အစက ဂြိုဟ်သားတွေကို ကြည့်မရဘူး။ သူတို့ကြည့်ရတာ အသိဉာဏ်နိမ့်၊ အလကား ဂြိုဟ်သားတွေလို့ မြင်တယ်။ Inter-galactic travel ကို ဘယ်လိုထွင်လာလဲ ဆိုတာ ယုံတောင် ယုံစရာ မရှိဘူး။ လူဆိုတာ ကိုယ်နဲ့မတူရင် မုန်းတယ်၊ မကြိုက်ဘူး၊ ကန့်ကွက်တယ်။ ဒါပေမဲ့ နောက်ပိုင်း ဂြိုဟ်သားတွေ အကြောင်း Wikus နဲ့အတူသိလာတဲ့ အခါသူတို့ကို နားလည်လာတယ်။ သူတို့က ရိုးသားတယ်။ ရိုးတယ်ဆိုတာက သူတို့က လူတွေလို့ မကောက်ကျစ်ဘူး။ ရန်တော့လိုတယ်။ တစ်ခါတစ်လေ လူတွေကို ကုတ်ဖဲ့ ပစ်လိုက်တာပဲ။ အဲဒါကောင်းတယ်။ စိတ်ထဲမှာ ရှိတာကို ရှိတဲ့အတိုင်း လုပ်ပြတာ။ အဲဒီမှာ ခုနက ကိုယ့်ရဲ့ မေးခွန်းတွေကို ပြန်ဖြေတတ်လာတယ်။ သူတို့မှာ လူတွေနဲ့ မတူတာက စည်းလုံးတယ်။ အဲဒီအချက်ကပဲ သူတို့ကို လူသားတွေထက် သာတဲ့ နည်းပညာကို တီထွင်နိုင်စေတယ်။ လူအားလုံး အဆိုးမဟုတ်သလို ဂြိုဟ်သားအားလုံးကလည်း ကောင်းချင်မှ ကောင်းမယ်။ သေချာတာကတော့ ဒီဇာတ်ကားမှာ အခု ကျွန်တော်ပြောသွားတာထက်တွေးစရာ အများကြီးပါပါသေးတယ်။ သေချာတာတစ်ခုကတော့ ဂြိုဟ်သားကား ကောင်းကောင်းဘာရှိလဲ မေးလာရင် District 9 ကို ထိပ်ဆုံးက ပြောမိမှာပါ။ (ဇာတ်ကားအညွှန်းကိုတော့ plushpedia မှကူးယူတင်ပြပါတယ်။) File size… (7 GB) / (3 GB) / (1.9 GB) Quality…. Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Science Fiction Duration…. 01:52:36 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း