ဇာတ်ကားများ ရွေးရန်

A Time to Kill

1996ဇာတ်ကားအမှတ် 7.4/10149 မိနစ်

A Time to Kill(1996) IMDb....7.4 အသက်(၁၀)နှစ်အရွယ် လူမဲကောင်မလေးတစ်ယောက်ဟာ ဈေးဝယ်ပြီးပြန်လာတယ်.... ဒီကလေးမလေးအိမ်ကိုပြန်ရောက်မသွားရှာဘူး....လူရမ်းကား (၂)ယောက်ဟာ ခေါင်းကိုဘီယာဗူးနဲ့ပစ်ပေါက်ပြီးကားပေါ်တင်ခေါ်ကာ မုဒိမ်းကျင့်တ ယ်...နည်းလမ်းမျိုးစုံနဲ့ ရက်စက်စွာနှိပ်စက်ခဲ့တယ်..... အသက်ပြင်းတယ်လို့ဆိုရမလားမသိ ဒီကောင်မလေး အသက်ရှင်နေခဲ့တယ်... မိဘတွေအတွက် ဖြေမဆည်နိုင်အောင်ခံစားကြေကွဲနေတယ်... ဒီလိုနဲ့ဖခင်ဖြစ်သူဟာ ရှေ့နေတစ်ယောက်ဆီသွားခဲ့တယ်... " ရှေ့နေကြီး ကျွန်တော်ကျဉ်းထဲကြတ်ထဲရောက်နေတယ်ဗျာ.... မနှစ်ကလည်း လူမဲကောင်မလေးတစ်ယောက်ကို လူဖြူ(၄)ယောက်က မုဒိမ်းကျင့်တယ်..သူတို့ထောင်မကျတဲ့အပြင် လမ်းပေါ်မှာအေးအေးလူလူ လမ်းလျှောက်နေခဲ့တယ်မဟုတ်လား ရှေ့နေကြီး" " ကျွန်တော် ဘယ်လိုကူညီရမလဲဗျ" ဆိုတဲ့ရှေ့နေကြီးရဲ့အမေးစကားကို ဖခင်ဖြစ်သူက ကြွေကွဲစွာပြန်ဖြေရှာတယ်... " ရှေ့နေကြီးမှာလည်း သမီးတစ်ယောက်ရှိတာပဲဗျာ... ခင်ဗျားဆိုရင်ရော ဘာလုပ်မလဲ"တဲ့......... တကယ့်ကိုကောင်းမွန်တဲ့ကားမို့ ဘာတွေဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦး.... သရုပ်ဆောင်တွေကလည်း တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်သလို IMDbလည်း 7.4 တောင်ရရှိထားလို့ ထွေထွေထူးထူးတော့ညွှန်းဆိုမနေတော့ပါဘူး... သက်ငယ်မုဒိမ်းမှုဆိုတာ တကယ့်ကိုစက်ဆုတ်စရာပါပဲ....နောက်ဆက်တွဲအနေနဲ့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ဖို့ဝန်မလေးတဲ့သူတွေ... လူ့အသိုင်းအဝန်းမှာ တကယ့်ကိုမရှိသင့်တဲ့ အရိုင်းဆန်တဲ့လူသားတွေ... ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်တို့နိုင်ငံမှာလည်း မကြာခဏ ကြားနေရတယ်.... ဖမ်းဆီးဖို့ရာ အကြောင်းအမျိုးမျိုးကြောင့်လွတ်နေပြီး ကျွန်တော်တို့အားလုံးရော မိဘတွေရော စိုးတထင့်ထင့်နေရတဲ့အချိန် ဘယ်လောက်တောင်များနေပြီလဲ.. File Size : (1.1GB) and (482 MB) Quality : Blu-Ray 720p Format…mp4 Duration…02:22:00 Genre : Crime,Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Scarlett May Encoded by Phyo Pyae

ဇာတ်လမ်းအကြောင်း