Seven Sundays
ဇနီးကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဟာ ရပ်ရွာက လေးစားရတဲ့ လူကြီးတစ်ယောက်ပါ။ သားသမီးလေးယောက်နဲ့ မြေးတွေအများကြီး ရှိပေမယ့် အိမ်မှာတော့ တူဖြစ်သူ Jun နဲ့ နှစ်ယောက်တည်း နေရပါတယ်။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့ကို လာကြဖို့ သားသမီးတွေကို ခေါ်ထားပေမယ့် အားလုံးက မအားကြဘူးဆိုပြီး မလာနိုင်ကြလို့ မိသားစုမစုံဘဲ မွေးနေ့ကို ဖြတ်သန်းလိုက်ရတယ်။ အဲဒီညရဲ့ နောက်ဆုံးဧည့်သည်ကတော့ ဆရာဝန်ဖြစ်နေပါတယ်။ ဆရာဝန်ဆီကနေ သူ့မှာ အဆုတ်ကင်ဆာရှိပြီး နောက်ထပ် နှစ်လပဲ နေရတော့မယ်ဆိုတာ သိလိုက်ရတယ်။ အဲဒီအခါ Manuel က သားသမီးတွေကို ပြန်ဆက်သွယ်လိုက်ပါတယ်။ ကျန်နေတဲ့ နှစ်လတာကာလအတွင်း တနင်္ဂနွေခုနှစ်ရက်မှာ ဖခင်နဲ့ ညီအစ်ကိုမောင်နှမလေးယောက် ဘာတွေ ဆက်ကြုံရမလဲဆိုတာကို ဇာတ်လမ်းက လိုက်ပြထားတာပါ။ Dingdong Dantes နဲ့ Enrique Gil တို့ ပါဝင်တဲ့ ဒီဖိလစ်ပိုင်မိသားစုဒရာမာမှာ ငွေကြေးချမ်းသာမှုနဲ့ ဆင်းရဲမှု၊ ပျော်ရွှင်မှု၊ အထီးကျန်မှုနဲ့ စည်းလုံးမှုတို့ကို ထည့်သွင်းဖော်ပြထားပါတယ်။ ဘဝအခက်အခဲတွေနဲ့ ငယ်ဘဝက စိတ်ဒဏ်ရာတွေအကြောင်းကိုလည်း ထည့်ပြောထားပါတယ်။
ဇာတ်လမ်းအကြောင်း