Inspector Sun and the Curse of the Black Widow
အင်းဆက်တွေကြားမှာ တချို့က ပျော်ပျော်ရွှင်ရွှင်နေရပြီး တချို့က ချောင်ထဲမှာ နေရတာ၊ အမှိုက်သိမ်းနေရတာတွေကို ကျိုင်းကောင် Red က မကျေနပ်ပါဘူး။ ဒီမညီမျှမှုတွေကို ပြောင်းလဲချင်ပေမယ့် တရားမျှတမှုရဖို့ နည်းလမ်းမှားကို ရွေးထားတဲ့ ရာဇဝတ်ကောင်တစ်ယောက် ဖြစ်နေပါတယ်။ စုံထောက် Sun က Red ရဲ့ကျိုင်းအုပ်ကို နှိမ်နင်းဖမ်းဆီးရာမှာ စက်ရုံကြီးတစ်ခုလုံး ပေါက်ကွဲသွားတာကြောင့် ရာထူးတိုးရမယ့်အစား အလုပ်ကနေ နားခံလိုက်ရတယ်။ စိတ်ညစ်နေတဲ့ Sun က New York ကို အပန်းဖြေခရီးထွက်ဖို့ လုပ်ပေမယ့် သူ့နောက် တကောက်ကောက်လိုက်နေတဲ့ ပရိသတ်တစ်ယောက် ဝင်ရှုပ်လို့ လေယာဉ်လွတ်သွားပါတယ်။ နောက်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ San Francisco သွားမယ့် လေယာဉ်ကို တက်ခွင့်ရသွားတယ်။ အဲဒီလေယာဉ်ပေါ်မှာ လက်သည်မပေါ်တဲ့ လူသတ်မှုတစ်ခု ဖြစ်လာတော့ Sun အတွက် နာမည်ကောင်းပြန်ရနိုင်မယ့် အခွင့်အရေး ပေါ်လာပါတယ်။ ဒါပေမယ့် သေဆုံးသူက Red ရဲ့ သိပ္ပံပညာရှင်ဟောင်းဖြစ်နေပြီး သံသယရှိသူတွေလည်း များနေတာကြောင့် အမှုက ထင်သလောက် မရိုးရှင်းပါဘူး။ လေယာဉ်ပေါ် ခိုးလိုက်လာသူတွေထဲမှာ Sun ကို လေးစားတဲ့ စုံထောက်ဝါသနာရှင် ပင့်ကူမလေးအပြင် အန္တရာယ်ရှိတဲ့ အင်းဆက်တွေလည်း ပါနေသေးတယ်။ Sun ရင်ဆိုင်ရတဲ့ ဒီအမှုကို ဟာသဇာတ်ဝင်ခန်းတွေနဲ့ အလှည့်အပြောင်းတွေကြားကနေ စုံစမ်းဖော်ထုတ်သွားရမှာပါ။
ဇာတ်လမ်းအကြောင်း