ဇာတ်ကားများ ရွေးရန်

Reality

2023ဇာတ်ကားအမှတ် 6.3/1083 မိနစ်

လေတပ်ဘာသာပြန်သမားဟောင်း Reality Winner ဟာ အစိုးရရဲ့ လျှို့ဝှက်အချက်အလက်တွေကို ပြည်သူတွေဆီ ဖွင့်ချဖို့ ကြိုးစားခဲ့သူတစ်ယောက်ပါ။ ရွေးကောက်ပွဲမှာ ရုရှဟက်ကာတွေ ဝင်စွက်ဖက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်ပေါက်ကြားမှုကြောင့် သူ့ကို FBI အေးဂျင့်တွေ စစ်မေးကြတဲ့ ဖြစ်ရပ်ကို ဒီဇာတ်ကားမှာ ပြန်ရိုက်ထားပါတယ်။ ထူးခြားတာက လက်တွေ့စစ်မေးမှုမှာ အသံသွင်းထားတဲ့ စကားတွေကိုပဲ ဇာတ်ကားရဲ့ ဒိုင်ယာလော့အဖြစ် အသုံးပြုထားတာပါ။ အေးဂျင့်တွေ ဘယ်လိုမေးခွန်းထုတ်ကြသလဲ၊ Reality က ဘယ်လိုတုံ့ပြန်သလဲဆိုတာကို အဲဒီစကားပြောခန်းတွေကနေ လိုက်ကြည့်ရပါတယ်။ Reality နေရာမှာ Sydney Sweeney သရုပ်ဆောင်ထားပြီး လျှို့ဝှက်အချက်အလက် ဖော်ထုတ်သူတစ်ယောက်ကို စစ်ဆေးတဲ့အခြေအနေအပေါ် အဓိကထားတဲ့ ဖြစ်ရပ်မှန်အခြေခံ မှုခင်းဒရမ်မာပါ။

ဇာတ်လမ်းအကြောင်း