ဇာတ်ကားများ ရွေးရန်

Mukhachitram

2022ဇာတ်ကားအမှတ် 5.8/10122 မိနစ်

ရာ့ဂ်ျကူးမားရဲ့ အမေဟာ မတော်တဆမှုတစ်ခုကြောင့် မျက်နှာပုံပန်းပျက်သွားပြီး စိတ်ကျရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်။ အမေ့ကို မကယ်နိုင်ခဲ့တဲ့အဖြစ်ကြောင့် ရာ့ဂ်ျက ပလတ်စတစ်ဆာဂျရီဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တာပါ။ တစ်နေ့မှာတော့ အောင်သွယ်တော်ရဲ့ ချိတ်ဆက်ပေးမှုကနေ မဟာသီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီး ချစ်ကြိုက်သွားပါတယ်။ တစ်ဖက်မှာလည်း ရာ့ဂ်ျကို ငယ်ငယ်ကတည်းက သဘောကျနေတဲ့ မာယာဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ်။ မာယာဟာ မတော်တဆမှုတစ်ခု ကြုံရပြီး သေမင်းနဲ့ လွန်ဆွဲနေရတဲ့အခါ ရာ့ဂ်ျ၊ မဟာသီနဲ့ မာယာတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ရေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ အစမှာ ကြည်နူးစရာအချစ်ဇာတ်လမ်းအဖြစ် စထားပြီး နောက်ပိုင်းမှာတော့ သူတို့သုံးယောက်ရဲ့အကြောင်းက တဖြည်းဖြည်း ပြင်းထန်လာပါတယ်။

ဇာတ်လမ်းအကြောင်း