Brotherhood
ဝါလေနဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ ငယ်ငယ်က နှစ်သစ်ကူးညတစ်ညမှာ ဓားပြတိုက်ခံရပြီး မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ နေ့ချင်းညချင်း မိဘမဲ့ဖြစ်သွားတဲ့ သူတို့ဟာ မိဘမဲ့ဂေဟာကို ရောက်ခဲ့ကြပြီး လီဂိုပြည်နယ်ရဲ့ လမ်းမတွေပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရင်း ကြီးပြင်းလာခဲ့ကြတယ်။ အရွယ်ရောက်လာတော့ ညီအစ်ကိုနှစ်ယောက် ရွေးတဲ့လမ်းတွေက ဆန့်ကျင်ဘက်ဖြစ်သွားပါတယ်။ ဝါလေက ရဲအရာရှိဖြစ်လာပေမယ့် အာကင်းကတော့ ထောင်ထဲဝင်လိုက် ထွက်လိုက်နဲ့ ဒုစရိုက်သမားတစ်ယောက် ဖြစ်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ကြည့်မရကြတော့ပါဘူး။ ဒီလိုနဲ့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုတစ်ခုမှာ အာကင်းက တရားခံတွေထဲ ပါနေမှန်း သိလိုက်ရပါတယ်။ အာကင်း ဘယ်လိုဖြစ်ပြီး ဒီရာဇဝတ်မှုထဲ ပါသွားတာလဲ။ ဝါလေကရော အလုပ်တာဝန်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဘယ်ဘက်ကို ရွေးမလဲ။ နှစ်ယောက် ထိပ်တိုက်တွေ့ကြတဲ့အခါ အပြင်းအထန် ရင်ဆိုင်ကြဦးမလား၊ သွေးသားချင်းဖြစ်နေတာကြောင့် အလျှော့ပေးကြမလားဆိုတာကို ၂၀၂၂ ခုနှစ်ထွက် နိုင်ဂျီးရီးယား မှုခင်းအက်ရှင်ဇာတ်ကားမှာ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း