ဇာတ်ကားများ ရွေးရန်

Argentina, 1985

2022ဇာတ်ကားအမှတ် 8.0/10141 မိနစ်

စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းပြီးကာစ အာဂျင်တီးနားမှာ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ အစိုးရရှေ့နေ စထရက်စဲရာက တာဝန်ပေးခံရပါတယ်။ ဩဇာကြီးခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးတဲ့ ကာလတစ်လျှောက် တရားဥပဒေဘက်က ရပ်တည်သူတွေရဲ့ အားထုတ်မှုကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါ။ စထရက်စဲရာအတွက်တော့ ဒီတာဝန်နဲ့အတူ စိုးရိမ်ပူပန်ရတဲ့အချိန်တွေရှိသလို အားတက်ရတဲ့အချိန်တွေလည်း ရှိနေတယ်။ အစိုးရရှေ့နေတစ်ယောက် ဖြစ်သလို အိမ်ထောင်ဦးစီးတစ်ယောက်လည်း ဖြစ်တာကြောင့် မိသားစုအရေးနဲ့ တရားရေးတာဝန်ကြား တစ်ဖက်ဖက်ကို လျစ်လျူမရှုမိအောင် ထိန်းညှိဖို့ ကြိုးစားရပါတယ်။

ဇာတ်လမ်းအကြောင်း