The Hows of Us
George က Primo ကို စတွေ့ကတည်းက ကြည့်မရခဲ့ပါဘူး။ ဒါပေမယ့် Primo က တဖြည်းဖြည်း သူ့အနားကို ရောက်လာပြီး George ရဲ့မိသားစုကလည်း သူ့ကို ချစ်ခင်လာကြတယ်။ အဖွားဖြစ်သူဆို Primo ကို အထူးသဘောကျတာပါ။ နောက်ဆုံးမှာတော့ George ကိုယ်တိုင်လည်း Primo ကို ချစ်မိသွားခဲ့တယ်။ အဖွားဆုံးခါနီးမှာ George ကို Primo လက်ထဲ အပ်ခဲ့သလို အိမ်လေးတစ်လုံးလည်း ပေးခဲ့ပါတယ်။ ချစ်သူနှစ်ယောက်ဟာ အဲဒီအိမ်လေးမှာ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေနဲ့ အတူနေခဲ့ကြတယ်။ အစပိုင်းက ပျော်ရွှင်ခဲ့ကြပေမယ့် နောက်တော့ နာကျင်စရာတွေ ရှိလာပြီး ဝေးကွာသွားကြပါတယ်။ ခွဲခွာပြီးနောက် အရာရာက နေသားမကျဖြစ်နေချိန်မှာ Primo က George ကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့ အိမ်ကို ပြန်ရောက်လာတယ်။ George ကတော့ သူ့ကို စိတ်နာနေတုန်းပါပဲ။ Primo အနေနဲ့ George စိတ်ပြေပြီး သူ့ကို ပြန်ချစ်လာအောင် လုပ်နိုင်မလား။ ကတိပေးခဲ့ဖူးတဲ့အတိုင်း George အရမ်းသွားချင်တဲ့ နေရာလေးတစ်ခုကို လိုက်ပို့ပေးနိုင်မလား။ George တို့မောင်နှမနှစ်ယောက် တွေ့ချင်နေတဲ့အဖေကိုရော ရှာပေးနိုင်မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပါတယ်။ Kathryn Bernardo နဲ့ Daniel Padilla တို့ ပါဝင်ထားပြီး She's Dating the Gangster ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molina ရဲ့ အချစ်ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း