Conspiracy Theory
တက္ကစီမောင်းသူ Jerry က နိုင်ငံထဲမှာ ဖြစ်ပျက်နေသမျှကို လိုက်ကြည့်ပြီး နောက်ကွယ်မှာ ဘယ်သူတွေ ကြိုးကိုင်နေတယ်၊ ဘယ်အဖွဲ့က လုပ်တာဖြစ်မယ်ဆိုတဲ့ ကိုယ်ပိုင်သီအိုရီတွေ ထုတ်လေ့ရှိပါတယ်။ အလုပ်ကြောင့် လူအများကြီးနဲ့ တွေ့ရတော့ တွေ့သမျှလူကိုလည်း သူ့အတွေးတွေ လိုက်ပြောတတ်တယ်။ ပြောသမျှက ယုံရခက်လွန်းလို့ သူ့ကို အရူးတစ်ယောက်လို ထင်ကြတာပါ။ ဒါပေမယ့် သူပြောခဲ့တဲ့အထဲက တစ်ခုက မှန်သွားပြီး အဖွဲ့အစည်းတစ်ခုက သူ့နောက်ကို လိုက်ဖမ်းလာပါတယ်။ Jerry ကိုယ်တိုင်ကတော့ သီအိုရီတွေ အများကြီး ထုတ်ထားမိလို့ ဘယ်တစ်ခုကြောင့် အခုလို လိုက်ဖမ်းခံနေရသလဲဆိုတာ မသိတော့ဘူး။ Jerry မှာ အရူးအမူးစွဲလမ်းနေတဲ့ Alice ဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ သူ့ကိုလိုက်ဖမ်းနေတဲ့ အဖွဲ့အစည်းနဲ့ Alice ကြား ဘယ်လိုဆက်စပ်မှုတွေ ရှိမလဲ၊ Jerry ရဲ့စွဲလမ်းမှုကရော Alice ကို အန္တရာယ်ဖြစ်စေနိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။ Julia Roberts နဲ့ Mel Gibson တို့ ပါဝင်ထားပြီး အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းနဲ့ အချစ်ရေးတို့ကို တွဲဖက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း