ဇာတ်ကားများ ရွေးရန်

Black Adam

2022ဇာတ်ကားအမှတ် 7.1/10124 မိနစ်4K

ရောမထက်တောင် ရှေးကျတဲ့ ခန်းဒက်နိုင်ငံလေးမှာ ဘုရင်ဆိုး အက်ခ်တွန်ရဲ့ အုပ်ချုပ်မှုအောက်က လူတွေ ဒုက္ခရောက်နေကြပါတယ်။ အက်ခ်တွန်က နတ်ဆိုးခြောက်ပါးရဲ့ အစွမ်းကို အသုံးချနိုင်ဖို့ သရဖူတစ်ခု ဖန်တီးနေတယ်။ သူ့ကိုတားဆီးဖို့ မှော်ဆရာတွေက ခန်းဒက်က ကျွန်တစ်ယောက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားတွေရဲ့ စွမ်းအားကို ပေးလိုက်ကြပါတယ်။ အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက် နှစ်ပေါင်းငါးထောင် ပျောက်ကွယ်သွားခဲ့တယ်။ The Rock သရုပ်ဆောင်ထားတဲ့ ဘလက်အဒမ်ရဲ့ အစွမ်းတွေက မှော်ပညာကို အခြေခံထားပါတယ်။ Shazam လိုပဲ “ရှဇမ်း” လို့ အော်ပြီး အစွမ်းရပေမယ့် စွမ်းအားရလာတဲ့ နတ်ဘုရားတွေတော့ မတူကြဘူး။ မူရင်း Shazam ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာ ဂရိနတ်ဘုရားတွေဆီက အစွမ်းရတာဖြစ်ပြီး ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက ရထားတာပါ။ နှစ်ပေါင်းငါးထောင်ကြာပြီးတဲ့နောက် ယနေ့ခေတ် ခန်းဒက်မှာ အကြောင်းတစ်ခုကြောင့် သူပြန်ပေါ်လာပါတယ်။

ဇာတ်လမ်းအကြောင်း